စစ်အစိုးရလက်အောက်က စာပေဗိမာန် အမျိုးသားစာပေဆု

၂၀၀၆ ခုနှစ်အတွက် စာပေဗိမာန် အမျိုးသားစာပေဆုကို ပြီးခဲ့တဲ့ တနင်္လာနေ့က
ပေးအပ်ခဲ့ပါတယ်။ အမျိုးသားစာပေဆု၊ စာပေဗိမာန်ဆုဆိုတာ တတိုင်းပြည်လုံးမှာ သူ့အကြောင်းအရာလိုက် အကောင်းဆုံးစာပေတွေကို ရွေးချယ်ပေးအပ်ရတာပါ။
ဒါကြောင့် နှစ်စဉ်ပေးအပ်နေတဲ့ ဒီအမျိုးသားစာပေဆုကို ဘယ်လိုပုံစံနဲ့ ရွေးချယ်ပြီး ဘယ်လိုလူတွေကို ပေးအပ်တာလဲဆိုတာ သိရအောင် မြားနတ်မောင် မဂ္ဂဇင်းအယ်ဒီ
တာဟောင်း ဒေါက်တာလွဏ်းဆွေကို မေးကြည့်တော့ သူက ကိုယ်ကစာမူတွေတင်ပြီး
ဝင်ပြိုင်ရတဲ့ စာပေဗိမာန်ဆုစနစ်ထက် ကိုယ်ထုတ်ခဲ့တဲ့စာအုပ်ကို ဆုရွေးချယ်ရေးအဖွဲ့ ရွေးချယ်တဲ့စနစ်က ပိုကောင်းတယ်လို့ ဆိုပါတယ်။

“အမျိုးသားစာပေဆုက ကိုယ့်ဘာသာကိုယ်ထုတ်တဲ့ဟာကို ဆုရွေးချယ်ရေးအဖွဲ့က
ရွေးပြီးပေးတာပါ။ နောက် စာပေဗိမာန်စာမူဆုကတော့ ကိုယ်ကနေ စာမူတွေတင်ပြီး
ဝင်ပြိုင်ရတာ။ ဆုနှစ်ခုက တန်ဖိုးချင်းတော့ မတူဘူးလို့ ထင်ပါတယ်။ ဘာဖြစ်လို့လဲ
ဆိုတော့ အနုပညာတခုဆိုတာ ကျနော်ကတော့ ပြိုင်ပွဲတွေဘာတွေလုပ်တာ သဘော
မကျဘူး။ အခု အမျိုးသားစာပေဆုလို ထုတ်ပြီးတဲ့စာအုပ်တွေထဲက သူတို့ကြိုက်လု့ိ
ရွေးပြီး ဆုပေးတာမျိုးကတော့ ကျနော့်အနေနဲ့ ပိုပြီး စာပေဗိမာန်ဆုထက်စာရင်
တန်ဖိုးပိုရှိတယ်လို့ ယူဆပါတယ်”

အခုပေးသွားတဲ့အထဲမှာ တခုရှိတာက စစ်အစိုးရလက်အောက်မှာ အမှန်တကယ် တော်တဲ့စာရေးဆရာတွေ ဆုရတာရှိသလို တချို့လည်း သူတို့နဲ့နီးစပ်ရာ နီးစပ်ရာ
သင့်တော်သလို ပေးတယ်ဆိုတဲ့သတင်းမျိုးတွေလည်း ကျနော်တို့ ကြားနေပါတယ်။
အဲတော့ အရည်အသွေး၊ အရည်အချင်းကို ဆရာ ဘယ်လိုမြင်ပါသလဲ။
“အဲဒါကတော့ အမျိုးသားစာပေဆုဆိုတာကလည်း ဆုရွေးချယ်ရေးအဖွဲ့ရဲ့ သူတို့ဖြတ်တဲ့
တန်ဖိုးပေါ့၊ စာဖတ်သူအားလုံး၊ ပရိသတ်အားလုံးက လက်ခံနိုင်တဲ့ အနေအထားမျိုး
တော့ မဟုတ်ဘူးပေါ့။ ဆုရွေးချယ်ရေးအဖွဲ့မှာ ပါဝင်တဲ့လူတွေရဲ့ အကဲဖြတ်တဲ့တန်ဖိုးပဲ
ဆိုတော့ ဆုရွေးချယ်ရေးအဖွဲ့ဆိုတာကလည်း နအဖက သူတို့စိတ်ကြိုက်ရွေးထားတဲ့
လူတွေဆိုတော့ ဒီလိုမျိုးလူတွေကရွေးချယ်တဲ့ တန်ဖိုးကို ပြည်သူက လက်ခံမခံ၊ စာဖတ်
ပရိသတ်က လက်ခံမခံဆိုတာကတော့ ဝိဝါဒက အမြဲတမ်းကွဲနေတာပါပဲ။
“ကျနော်တို့ကလည်း ဒီလိုမျိုး ဆုပေးတာကိုတော့ တန်ဖိုးထားပါတယ်။ ဒါပေမယ့် ဆုရွေးချယ်ရေးအဖွဲ့ထဲမှာ ပြည်သူကို ကိုယ်စားပြုတဲ့သူတွေ၊ တကယ့်စာရေးဆရာတွေ
က နှစ်သက်လက်ခံတဲ့လူတွေကို ရွေးချယ်ပြီးတော့ ဆုရွေးချယ်ရေးအဖွဲ့မှာ ထည့်မယ်
ဆိုရင်တော့ အများက ပိုပြီး လက်ခံနိုင်တဲ့ဆုမျိုးဖြစ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်။
ဒါပေမယ့် အခုရသွားတဲ့အနေအထားမှာလည်း ဆရာမဒေါ်ကြန်တို့၊ ဦးကြည်နိုင်တို့ အဲလိုလူတွေရတာတော့ ကျနော်တို့အနေနဲ့ လက်ခံနိုင်ပါတယ်။ ကျန်တာတွေကတော့ နအဖနဲ့ပတ်သက်ဆက်နွယ်တဲ့လူတွေက ပိုများလိမ့်မယ်လို့ ကျနော်ယူဆပါတယ်”

ဟုတ်ကဲ့၊ မှူးသမိန်တို့ဘာတို့ရော။
“ဗိုလ်မှူးသမိန်ကတော့ ကောင်းပါတယ်။ ကျနော်တို့လည်း လက်ခံပါတယ်။ သူက
မဟေသီမှာလည်း အခန်းဆက်တွေဘာတွေရေးနေတာ ကြာပြီလေ။ ဒါပေမယ့် စာပေ
ဗိမာန်ဆု အများစုကတော့ ပိုပြီးတော့ သူတု့ိနဲ့ နှီးနွယ်တဲ့လူတွေကို ပေးတာများတယ်။ အပြင်မှာထွက်နေတဲ့ တကယ့် ကဗျာတွေ၊ ဝတ္ထုတွေ၊ ဆောင်းပါးတွေကကျတော့ စာဖတ်ပရိသတ်လက်ခံတာနဲ့ သူတို့ ဆုရွေးချယ်ရေးအဖွဲ့က ရွေးတာနဲ့က တော်တော်
လေးကို ကွာဟတာများပါတယ်။ နှစ်တိုင်းနီးပါး၊ ဒီဘက်နောက်ပိုင်းမှာတော့ ပိုဆိုးလာ
တာပေါ့။
“အခုဟာက ကဗျာဆိုရင် ကျနော်တို့မြန်မာပြည်မှာရှိတဲ့ မဂ္ဂဇင်းပရိသတ်တွေ၊ စာဖတ် သူတွေလက်ခံတဲ့ ကဗျာဆရာ မောင်ချောနွယ်တို့ရဲ့ ကဗျာလုံးချင်းတွေ ထွက်တယ်။ ပရိသတ်ရဲ့ဆန္ဒဆိုရင် ဒီလို မောင်ချောနွယ်တို့ရဲ့ ကဗျာစာအုပ်တွေကိုပဲ ဆုပေးသင့်
တယ်လို့ ယူဆတာပေါ့။ သို့သော်လည်း အစိုးရအနေနဲ့ကျတော့ မောင်ချောနွယ်ဆိုတာ
အစိုးရကို ဆန့်ကျင်သူဖြစ်တယ်၊ သူတို့ကြိုက်တဲ့သူ မဟုတ်တဲ့အတွက် ဘယ်လောက်ပဲ ကဗျာစာအုပ်က သေလောက်အောင်ပဲ ကောင်းနေကောင်းနေ သူတို့ ဘယ်တော့မှ
မပေးပါဘူး။ အဲဒါမျိုးတွေက အများကြီးပါ။ ဝတ္ထုမှာဆိုလည်း ဒီလိုပါပဲ။ ဆရာမဂျူးတို့
ရှိတယ်၊ အဲလိုမျိုး ပရိသတ်က တကယ်လက်ခံတဲ့လူတွေ ဆုနဲ့လွဲတာတွေ တော်တော် လေးများပါတယ်။ နှစ်တိုင်းလိုလိုပါပဲ။ ကောင်းတဲ့စာအုပ်တချို့ ဆုရပေမယ့် ဆုရတဲ့
စာအုပ်တိုင်းတော့ ကောင်းတယ်လို့ ယူဆလို့မရပါဘူး။ အဓိကက သူတို့နဲ့ပတ်သက်နေ
တဲ့ အနုပညာရှင်တွေ၊ စာရေးဆရာတွေ၊ သူတို့ကို အကျိုးပြုတဲ့လူတွေကို ပိုပြီးတော့ ဆုချီးမြှင့်တာများတယ်။ ဒါကတော့ စစ်အစိုးရလက်ထက်မှာ စာပေမှမဟုတ်ပါဘူး၊ နယ်ပယ်အသီးသီးမှာ ဒီလိုချည်းပါပဲ”

ဒီဘက် ပြည်ပနိုင်ငံတွေမှာတော့ အကယ်ဒမီဆုပေးတော့မယ်ဆိုရင် ဘယ်စာအုပ်၊
ဘယ်ကားက အကယ်ဒမီရနိုင်တယ်၊ ဘာဆုရနိုင်တယ်၊ ဆုကြီး၊ ဆုလေး၊ Best ပေ့ါဗျာ၊ ကောလာဟလထွက်တဲ့သတင်းတွေရှိတယ်။ စာပေဗိမာန်ဆုပေးတဲ့နေရာမှာရော
အဲဒီလိုမျိုးသတင်းတွေ ဆုမပေးခင်မှာထွက်တာ ရှိပါသလား။
“ကျနော်တို့ကြားရပါတယ်။ တချို့ဆိုရင် ဆုရွေးချယ်ရေးအဖွဲ့နဲ့ ဆုရတဲ့သူတွေကြားမှာ
Corruption လိုကိစ္စမျိုးတွေ ကျနော်တို့ကြားရပါတယ်။ ကျနော် ပြည်တွင်းမှာရှိစဉ်
တုန်းက။ စာမူသွားရင် စာမူနဲ့အတူ ဆုရွေးချယ်ရေးအဖွဲ့ လူကြီးတွေကို တနည်းနည်းနဲ့ ချဉ်းကပ်တာမျိုး၊ အဲဒါမျိုးတွေ ကျနော်တို့ ကြားရပါတယ်။ အဲဒါကြောင့် စာပေဗိမာန်ဆု
ကတော့ အမျိုးသားစာပေဆုထက်ပိုပြီး မရိုးမသားလုပ်တာမျိုးတွေ ပိုရှိမယ်လို့ ကျနော် ခန့်မှန်းရပါတယ်။
“နောက်တချက်က အမျိုးသားစာပေဆုမှာလည်း အဲဒါမျိုးတွေ ကြားရပါတယ်။ စာအုပ် စကာတင်ရွေးချယ်ပြီဆိုကတည်းက အဲဒီလိုမျိုး စကာတင်ထဲမှာပါတယ်လို့ အသံကြား
တဲ့လူတွေက လူကြီးတွေကို သွားပြီး ချဉ်းကပ်တာမျိုးတွေ ကျနော်တို့ ကြားရပါတယ်။ အကယ်ဒမီဆုဆိုလည်း ဒီလိုပါပဲ။ နှစ်တိုင်း ဒါတွေက ကြားနေရတာပါ။
“မြန်မာနိုင်ငံမှာက Corruption နဲ့ ဘယ်နယ်ပယ်မှာမဆို မကင်းနိုင်ကြတော့ အခုလို
မျိုး ဆုကိစ္စတွေမှာ ပိုပြီးတော့တောင် ဆိုးမယ်လို့ ထင်ပါတယ်။ တကယ် ပြည်သူက
နှစ်နှစ်ခြိုက်ခြိုက် လက်ခံတန်ဖိုးထားတဲ့ဆုတဆု ဖြစ်စေချင်တယ်ဆိုရင် စစ်အစိုးရ
အနေနဲ့ ဆုရွေးချယ်ရေးအဖွဲ့မှာ စာဖတ်ပရိသတ်က လက်ခံတဲ့၊ လူထုက တကယ်
လက်ခံတဲ့ ဆုရွေးချယ်ရေးအဖွဲ့ဝင် လူကြီးတွေကို ခန့်ပြီးတော့ ရွေးချယ်ရင်တော့ ဆုက
ပိုပြီးတော့ တန်ဖိုးမြင့်လာမယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။ အဲဒီလိုလည်း ဖြစ်စေချင်ပါတယ်”

ပြီးခဲ့တဲ့ တနင်္လာနေ့က ပေးအပ်ခဲ့တဲ့ ၂၀၀၆ ခုနှစ် စာပေဗိမာန် အမျိုးသားစာပေဆု
ပေးပွဲအကြောင်းကို ထိုင်း-မြန်မာနယ်စပ်ရောက် မြားနတ်မောင်မဂ္ဂဇင်း အယ်ဒီတာ
ဟောင်း ဒေါက်တာလွဏ်းဆွေကို ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်။