သမ္မတဘုရှ် ပြည်ထောင်စုအခြေအနေမိန့်ခွန်း ပြောကြားမည်

တနင်္လာနေ့နှောင်းပိုင်းကျရင် အမေရိကန်
သမ္မတဘုရှ်ဟာ သူ့ရဲ့ ပြည်ထောင်စု အခြေ
အနေ နောက်ဆုံးမိန့်ခွန်းကို လွှတ်တော်ရှေ့
မှောက်မှာ ပြောကြားဖို့ ရှိပါတယ်။ ဒီမိန့်ခွန်းမှာ မျှော်လင့်မထားတာတွေ ပါဝင်မှာဖြစ်သလို ကနဦးခြေလှမ်းသစ်တွေ လှမ်းနိုင်မယ့်ကိစ္စတွေ
တော့ အနည်းအကျဉ်းသာ ပါဝင်လိမ့်မယ်လို့ ဘုရှ်အစိုးရအရာရှိတွေက ဆိုတဲ့အကြောင်း
ဗွီအိုအေရဲ့ အိမ်ဖြူတော် သတင်းထောက်
Michael Bowman သတင်းပေးပို့ထားတာ
ကို ဒေါ်နန္ဒာချမ်းက တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ပြည်ထောင်စုဆိုင်ရာမိန့်ခွန်းမှာတော့ အကြမ်းဖက်မှုတွေကနေ တိုင်းပြည်
လုံခြုံရေးကို ဆက်လက်ထိန်းသိမ်းနိုင်ရေးနည်းလမ်းတွေနဲ့ အီရတ်ကို သွားတိုက်တာ
လိုမျိုး အဓိက ဆုံးဖြတ်ချက်တွေချမှတ်တာ အပါအဝင် သမ္မတ ဘုရှ်ကနေ အရေးပေါ်
စီမံချက်တွေကို ဖွင့်ဟခဲ့တာ တွေ့မြင်ခဲ့ရပါတယ်။

အခုဆိုရင် သူ့ရဲ့တာဝန်တွေ ကုန်ဆုံးတော့မယ့် နောက်ဆုံးနှစ်ကို ဝင်လာနေချိန်မှာ
သူ့ရဲ့ နှစ်ပတ်လည်မိန့်ခွန်းဟာလည်း အမေရိကန်ပြည်ထောင်စုအနေနဲ့ လမ်းကြောင်း
သစ်ပေါ်ရောက်ဖို့အရေးထက် သူ့ရဲ့ သမ္မတရာထူး ကုန်ဆုံးချိန်အတွက် ယိုပေါက်
ဟာပေါက်တွေကို ပိတ်ဖို့အတွက်နဲ့ပဲ ပိုပြီး အလုပ်များနေတာကို တွေ့ရပါတယ်။

စနေနေ့က ပြောကြားခဲ့တဲ့ သူ့ရဲ့ အပတ်စဉ်ရေဒီယိုမိန့်ခွန်းမှာတော့ အခုပြောမယ့်
မိန့်ခွန်းနဲ့ပတ်သက်လို့ သမ္မတက အကြိုသဘောပြောတာကို တွေ့ရပါတယ်။

“လွန်ခဲ့တဲ့ ခုနစ်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုမှာရော ပြည်ပမှာပါ အရေးကြီး
ကိစ္စရပ်တွေအပေါ် ကြီးကြီးမားမား တိုးတက်မှုတွေ ကျနော်တို့လုပ်ခဲ့တာကို ကျနော်
တင်ပြမှာပါ။ ရှေ့မှာရှိနေတဲ့ ကျနော်တို့ရဲ့ မပြီးပြတ်သေးတဲ့ လုပ်ငန်းတွေကိုလည်း ကျနော်တင်ပြမယ်၊ အဲဒါတွေ ပြီးစီးသွားအောင်လည်း အတူတူ ကျနော်တို့ ပူးပေါင်း လုပ်ဆောင်ရပါမယ်။”

ဘဏ္ဍာရေးကိစ္စနဲ့ပတ်သက်လို့တော့ အမေရိကန်ပြည်ထောင်စုမှာ စီးပွားရေးနှေးကွေး
လာနေတာကို မြှင့်တင်ဖို့ လွှတ်တော်က မြန်မြန်ဆန်ဆန် အတည်ပြု ပြဌာန်းအောင်
က တောင်းဆိုလိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်။

လုံခြုံရေးနဲ့ပတ်သက်လို့လည်း အကြမ်းဖက်သမားလို့ သံသယရှိသူတွေကို စောင့်ကြည့်
စစ်ဆေးရေး ဗဟိုအစိုးရရဲ့ ကြိုးပမ်းချက် တွေကို တိုးချဲ့ပြင်ဆင်ရေးအပေါ် ပါတီနှစ်ရပ်
စလုံးက ရေးဆွဲမယ့်မူကြမ်းကို ချက်ချင်းအတည်ပြုဖို့ကိုလည်း သမ္မတက တောင်းဆို
မယ်လို့ မျှော်လင့်ထားရတာပါ။

နိုင်ငံခြားရေးရာကိစ္စတွေမှာတော့ သမ္မတဘုရှ်အနေနဲ့ အီရတ်၊ အာဖဂန်နစ္စတန်နဲ့
အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွေအပေါ် အာရုံစိုက်ပြောဆိုလိမ့်မယ်လို့
အိမ်ဖြူတော် အရာရှိတွေက ဆိုပါတယ်။

ပြီးခဲ့တဲ့နှစ်ထဲ အမေရိကန်တပ်ဖွဲ့ဝင်တွေ တိုးချဲ့ပြီးကတည်းက အီရတ်မှာ လုံခြုံရေး
အခြေအနေတွေ တိုးတက်လာတယ်ဆိုပြီး ပြောဆိုမယ်လို့ မျှော်လင့်ရသလို ဒီတပ်ဖွဲ့
တွေကို ချက်ချင်းပြန်ရုပ်သိမ်းမယ်ဆိုရင် အောင်မြင်မှုတွေကို ထိခိုက်စေလိမ့်မယ်လို့
လည်း ပြောဆိုဖွယ်ရာရှိပါတယ်။

အီရတ်မှာရှိတဲ့ အမေရိကန်တပ်ဖွဲ့တွေကို သတ်မှတ်ထားတဲ့ တိကျတဲ့အချိန်ကာလ
အတွင်း ပြန်လည်ရုပ်သိမ်းရေး ဘုရှ်အစိုးရ က လက်ခံလာအောင် လွှတ်တော်က ဖိအား ပေးကြိုးပမ်းနေတာကိုလည်း သမ္မတ ဘုရှ် က တနှစ်ကျော်ကြာ ပြန်လည်တွန်းလှန်
နေခဲ့ရတာပါ။ သမ္မတ ကတော့ သူ့အနေနဲ့ ပြည်တွင်းပြည်ပရေးရာ နှစ်ခုစလုံးမှာ
နှစ်ပါတီပူးပေါင်းမှုစိတ်ဓာတ် ဆက်လက်တည်တံ့ သွားလိမ့်မယ်လို့ မျှော်လင့်တဲ့
အကြောင်း ပြောဆိုထားတာပါ။

“တနင်္လာနေ့ကျရင် လွှတ်တော်ရှေ့မှောက် ကျနော်ရောက်တဲ့အချိန် ကျနော်တို့
ပြည်သူတွေ လုံခြုံမှုရှိအောင်နဲ့ စီးပွားရေးခိုင်မာလာအောင် ဆက်ပြီးထိန်းသွားမယ့်
အကြောင်း ဒီထက်ပိုပြီးပြောပြပါမယ်။ ဒီအပိုင်းတွေမှာ ကျနော်တို့ရဲ့တာဝန်တွေကို အကောင်အထည်ဖော်ဖို့ အတူတူလက်တွဲလုပ်နိုင်လိမ့်မယ်၊ နောက်ပြီး ခိုင်မာတောင့်
တင်းပြီး သာယာဝပြောတဲ့ အမေရိကန်ပြည်ထောင်စုကို ကျနော်တို့ သားသမီးတွေ
အတွက် ထားရစ်ခဲ့နိုင်လိမ့်မယ်လို့ ကျနော်ယုံကြည်ပါတယ်။”

စနေနေ့က ပြောကြားခဲ့တဲ့ သမ္မတဘုရှ်ရဲ့ ရေဒီယိုမိန့်ခွန်းကို ဒီမိုကရက်ပါတီဘက်က
တုန့်ပြန်ရာမှာ ပါတီနှစ်ခုစလုံးက ခေါင်းဆောင်တွေဟာ စီးပွားရေးအရ ငွေရင်းနှီးမြှုပ်နှံ
မှုတွေနဲ့ စားသုံးသူတွေရဲ့ သုံးစွဲမှုတွေ မြင့်တက်လာရေး ရည်ရွယ်တဲ့ စီးပွားရေး
စေ့ဆော်တဲ့ အဆိုတခုကို ဖန်တီးဖို့ ပြီးခဲ့တဲ့အပတ်က မြန်မြန်ဆန်ဆန် လုပ်ဆောင်ခဲ့ကြ
တာကို ထောက်ပြရင်း အထက်လွှတ်တော်အမတ် ဘိုင်ရွန် ဒေါ်ဂန် (Byron Dorgan)
က ပူးပေါင်းဆောင်ရွက်ဖို့ တောင်းဆိုတဲ့ ကိစ္စတွေကို ထပ်တူထပ်မျှ ပြောဆိုခဲ့ပါတယ်။

“မကြာသေးခင် ရက်တွေအတွင်း လွှတ်တော်နဲ့အတူ အိမ်ဖြူတော်ရဲ့ ပူးပေါင်းဆောင်
ရွက်မှုတွေက အချိန် တော်တော်နှောင်းနေပါတယ်။ အားတော့ အားတက်စရာပါ။ ဒီအလေ့အကျင့်ဖြစ်လာဖို့ပဲ မျှော်လင့်ကြရမှာပေါ့ဗျာ။”

သမ္မတဘုရှ်ဟာ သူ တာဝန်ထမ်းဆောင်ဖို့ သက်တမ်း တစ်နှစ်ကျော် ရှိနေသေးပေ
မယ့်လို့ ဒါဟာ သူ့ရဲ့ ပြည်ထောင်စုအခြေအနေ နောက် ဆုံးမိန့်ခွန်းဖြစ်နိုင်ပါတယ်။ ရှေ့နှစ်ထဲကျရင်တာ့ အသစ်တက်လာမယ့် အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတသစ်
က ကွန်ဂရက်လွှတ် တော်အစည်းအဝေးရှေ့မှောက်မှာ လုပ်ငန်းစဉ်တွေ ချမှတ်ဖို့နဲ့ အဆိုပြုချက်တွေကို တင်ပြဖို့ မိန့်ခွန်းပြောကြားဖွယ်ရာလည်း ရှိပါတယ်။