မြန်မာနိုင်ငံမြောက်ပိုင်းက ရွှေနဲ့သတ္တုရှာဖွေရေးလုပ်ငန်း ရုရှားကုမ္ပဏီက လုပ်ပိုင်ခွင့်ရရှိ

မြန်မာနိုင်ငံတွင်းက ရွှေနဲ့ အခြားသတ္တုမိုင်းရှာဖွေရေးလုပ်ငန်း လုပ်ပိုင်ခွင့်ကို ရုရှားကုမ္ပဏီတခုက ရရှိသွားပါတယ်။

မြန်မာနိုင်ငံ ဘူမိဗေဒ စမ်းသပ်လေ့လာရေးအဖွဲ့နဲ့ ရုရှားက Victorious Glory International Company တို့ လုပ်ငန်းသဘောတူလက်မှတ်ရေးထိုးခဲ့ကြတယ်လို့ အစိုးရပိုင် မြန်မာအလင်းသတင်းစာမှာ ဒီကနေ ဖော်ပြထားပါတယ်။

ဒီသဘောတူညီချက်အရဆိုရင် မြန်မာနိုငငံမြော်ကပိုင်း ကချင်ပြည်နယ် ဖားကန့်ဒေသနဲ့ စစ်ကိုင်းတိုင်း ဟုမ္မလင်းဒေသအကြားက အူရု မြစ်ကြောင်းတလျှောက်မှာ ရုရှားကုမ္ပဏီအနေနဲ့ ရွေနဲ့အခြားသတ္တုရှာဖွေရေးလုပ်ငန်းတွေကို လုပ်ဆောင်ခွင့်ရမှာဖြစ်တယ်လို့ မြန်မာအလင်းသတင်းစာမှာရေးထားပါတယ်။