ကလင်တန်နှင့် အိုဘားမားတို့အတွက် အရေးပါသည့် တက္ကဆက်စ်နှင့် အိုဟိုင်းအိုးပြည်နယ် အကြိုရွေးချယ်ပွဲများ

မတ်လ ၄၊ ၂၀၀၈ - မတ်လ ၄ ရက်နေ့၊ အင်္ဂါ
နေ့မှာ အမေရိကန်ပြည်ထောင်စုက
တက္ကဆက်စ်၊ အိုဟိုင်းအိုး၊ ရို့ဒ်အိုင်းလန်းနဲ့ ဗားမွန့်ပြည်နယ်တွေမှာ သမ္မလောင်း အကြို ရွေးချယ်ပွဲတွေ ကျင်းပပါတယ်။

ဒီအထဲက ပြည်နယ်ကြီးတွေဖြစ်တဲ့
တက္ကဆက်စ်နဲ့ အိုးဟိုင်းအိုးက မဲပေးပွဲတွေ
ဟာ ခုချိန်ထိ သူတင် ကိုယ်တင်ဖြစ်နေကြတဲ့
ဘရက် အိုဘားမားနဲ့ ဟီလာရီ ကလင်တန်တို့
အတွက် သိပ်ကို အရေးပါနေပါတယ်။ အနိုင်ရ
သူဟာ ရီပတ်ဘလီကန်ပါတီဘက်က အထက် လွှတ်တော်အမတ် ဂျွန် မက်ကိန်းနဲ့ နိုဝင်ဘာလ အထွေထွေရွေးကောက်ပွဲမှာ ယှဉ်ပြိုင်
ရဖို့ များနေပါတယ်။