အိန္ဒိယသမုဒ္ဒရာထဲမှာ စက်လှေအင်ဂျင်ပျက်
ပြီး သီတင်းပတ်နှစ်ပတ်လောက် ပင်လယ်ပြင်
မှာ မျောနေခဲ့တဲ့ မြန်မာနိုင်ငံသားတွေနဲ့
ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၇၀ ကျော်ကို သီရိ လင်္ကာရေတပ်က ကယ်ဆယ်လိုက်ပါတယ်။ မြန်မာနိုင်ငံသား ၅၀ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ
သား ၂၁ ယောက်ကို ကယ်တင်ခဲ့တာဖြစ်ပါ
တယ်။
ခဲ့တဲ့အချိန် အစားသောက်ပြတ်ပြီး စက်လှေပေါ်မှာ ပါလာတဲ့သူ တော်တော်များများ
လည်း သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ ကိုးရက်နေ့ကတည်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကောက်ဇ်ဘဇားမြို့က
နေစပြီး ထွက်ခဲ့တာပါ။ သီရိလင်္ကာနိုင်ငံ အရှေ့ဘက် မိုင် ၁၇၀ လောက်မှာ မျော
ပါနေတာကို ငါးဖမ်းစက်လှေတွေက သီရိလင်္ကာရေတပ်ကို အကြောင်းကြားခဲ့
ပါတယ်။
လမ်းမှာ မြန်မာနိုင်ငံသား ၁၇ ယောက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သုံးယောက်
အစာရေစာပြတ်ပြီး သေဆုံးခဲ့တယ်လို့လည်း မသေဘဲကျန်ရစ်သူတွေက ပြန်ပြော
ကြပါတယ်။