အဓိကကျတဲ့ အိုဟိုင်းယိုးမှာ ကလင်တန် အနိုင်ရ

အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ဒီမိုကရက်ပါတီ ကိုယ်စားပြု ဝင်ပြိုင်ခွင့်ရရှိရေး မဲဆွယ်စည်းရုံးနေတဲ့ အထက်လွှတ်တော်အမတ် ဟီလာရီ ကလင်တန်ဟာ အဓိကကျတဲ့ အိုဟိုင်းယိုးပြည်နယ်မှာ လူထုထောက်ခံမဲ အနိုင်ရရှိလိုက်ပါတယ်။

ပါတီကိုယ်စားလှယ် ဦးရေများတဲ့ အိုဟိုင်းယိုးပြည်နယ်မှာ ပြိုင်ဘက် အထက်လွှတ်တော်အမတ် ဘားရက် အိုဗားမားကို နိုင်လိုက်ပြီး နာရီပိုင်းအကြာမှာ တက္ကဆက်ပြည်နယ်မှာ ဟီလာရီ ကလင်တန်က ဆက်လက် အနိုင်ရရှိလိုက်ပါတာပါ။ အိုဟိုင်းယိုး ပြည်နယ် ကိုလံဘတ်စ် မြို့မှာ ထောက်ခံသူများအား ဟီလာရီ ကလင်တန်က ဆက်လက်လှုပ်ရှားသွားမယ်လို့ ပြောဆိုသွားပါတယ်။

အိုဟိုင်းယိုးနဲ့ ရိုဒ့်အိုင်းလန်းပြည်နယ်မှာ နိုင်သွားတဲ့ ဟီလာရီ ကလင်တန်ကို ဗားမောက်ပြည်နယ်မှာ နိုင်သွားတဲ့ ဘားရက် အိုဗားမားက တက္ကဆက်မှာ ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ ဒီမိုကရက်တစ် ပါတီ ကိုယ်စားလှယ်ထောက်ခံမှု ဦးရေမှာတော့ ဘားရက် အိုဗားမားက ဟီလာရီ ကလင်တန်ထက် ဆက်လက်သာနေပါတယ်။ ရီပါပလစ်ကန် ပါတီဘက်မှာတော့ အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းက မနေ့က ပြည်နယ် လေးခုစလုံးမှာ အနိုင်ရရှိသွားပါတယ်။