အမေရိကန်သမ္မတလောင်း ရွေးချယ်ပွဲနှင့် ပြည်သူ့သဘောထား စစ်တမ်းများ

မတ် ၂၅၊ ၂၀၀၈ - Public Opinion Poll လို့ခေါ်တဲ့ လူထုသဘောထား
စစ်တမ်းတွေကို အထူးသဖြင့် ရွေးကောက်ပွဲနှစ်တွေမှာ မကြာခဏ
ကောက်ယူပြီး ထုတ်ပြန်ပါတယ်။

ဒီစစ်တမ်းတွေကို များသောအားဖြင့် ABC, USA Today, Washington Post, New
York Times လို သတင်းဌာနကြီးတွေ သတင်းစာတွေ၊ ရုပ်သံလွှင့်ဌာနတွေက
လုပ်ကြသလို သီးသန့် Gallup အုပ်စုကလည်း လုပ်ပါတယ်။