အီရတ်ပြဿနာဖြင့် အလုပ်ရှုပ်နေသည့် အမေရိကန်လွှတ်တော်

ရှေ့သီတင်းပတ် အင်္ဂါနေ့ဟာ ဒီမိုကရက်တစ်ပါတီ
ကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် သမ္မတလောင်းကို
ရွေးချယ်ဖို့ အကြိုရွေးကောက်ပွဲတခု ပန်န်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ပြုလုပ်မယ့်
နေ့ပါ။ ဒါကြောင့် သမ္မတလောင်းဖြစ်ဖို့ အကျိတ်
အနယ် ယှဉ်ပြိုင်နေကြတဲ့ ကိုယ်စားလှယ်လောင်း
တွေဟာ မဲဆွယ် စည်းရုံးပွဲတွေနဲ့ အလုပ်ရှုပ်နေ
ကြပါတယ်။

ဒါပေမယ့် အမေရိကန်လွှတ်တော်မှာတော့ ဒီ သီတင်းပတ်အတွင်းမှာ အီရတ် ပြဿနာနဲ့ပဲ အလုပ်ရှုပ်နေတာကို တွေ့ရပါတယ်။