ကမ္ဘာတဝန်း စားကုန်ဈေးနှုန်းတက်၊ မြန်မာနိုင်ငံက ဆန်ရောင်း

ဧပြီ ၂၁၊ ၂၀၀၈ - ကမ္ဘာတဝန်း စားသောက်ကုန်
ဈေးနှုန်းတွေ တက်လာနေတဲ့အတွက် ကမ္ဘာ့
ခေါင်းဆောင်တွေ၊ နိုင်ငံတကာ ငွေရေး
ကြေးရေး အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေ
နဲ့ အကူအညီပေးရေးအဖွဲ့အစည်းတွေကြား
စိုးရိမ်မှုတွေ တိုးလာနေပါတယ်။

အရေးပေါ် အကူအညီပေးနိုင်ဖို့အတွက်
ဝိုင်းဝန်းလုပ်ဆောင်ကြဖို့ နှိုးဆော်သံတွေလည်း ထွက်လာပါတယ်။ ဈေးနှုန်းတက်နေတဲ့ စားကုန်
တွေထဲမှာ မြန်မာနိုင်ငံရဲ့အဓိကစားသုံးကုန်
ဖြစ်တဲ့ ဆန်လည်းပါပါတယ်။

ဒီအခြေအနေကို ကမ္ဘာတဝန်းဆွေးနွေးပြီး အရေးယူ လုပ်ဆောင်ဖို့ ပြင်ဆင်နေကြတာ
တွေနဲ့ မြန်မာနိုင်ငံကအခြေအနေတွေကို တင်ပြထားပါတယ်။