ကျရောက်လာတော့မယ့် ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံကို ဦးတည်တိုက်ဖွယ်
ရှိတယ်လို့ မိုးလေဝသက ပြောပါတယ်။ ဒါပေမယ့် ဒီမုန်တိုင်းအတွက် ဘင်္ဂလားဒေ့ရှ်
နိုင်ငံကတော့ လိုအပ်တဲ့ ဆောင်ရွက်ဖွယ်ရာတွေကို ဆောင်ရွက်နေတယ်လို့ ဆိုပါ
တယ်။
ဘင်္ဂလားဒေ့ရှ်အစိုးရက ပင်လယ်ပြင်ကို မထွက်ကြဖို့ တံငါတွေကို သတိပေးထားပါ
တယ်။ လေမုန်တိုင်းကျရောက်ဖွယ်ရှိတဲ့ ကမ်းရိုးတန်းဒေသက ပြည်သူတွေကို သတိ
ဝီရိယ ထားကြဖို့လည်း ပြောထားပါတယ်။
နာဂျီစ် (Nargis) လို့ အမည်ပေးထားတဲ့ ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာနိုင်ငံရဲ့
ပင်လယ်ကမ်းခြေကို သောကြာနေ့ညနေမှာ ကျလာဖွယ်ရှိတယ်လို့ အမေရိကန်နဲ့
ဗြိတိသျှ မိုးလေဝသ ခန့်မှန်းသူတွေက ပြောပါတယ်။
လွန်ခဲ့တဲ့ နိုဝင်ဘာလတုန်းက ဆိုင်ကလုန်းဒဏ်ခံခဲ့ရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့
ဒီမုန်တိုင်းဟာ ဒီနှစ် ဘင်္ဂလားပင်လယ်အော်က ပထမဆုံးမုန်တိုင်း ဖြစ်တဲ့အတိုင်း
စိုးရိမ်နေပါတယ်။
ဗြိတိန်သိပ္ပံပညာရှင်တွေကတော့ ဒီမုန်တိုင်းကို ပထမဆင့် သတ်မှတ်ထားတာမို့
မုန်တိုင်းက အလွန့်ကို ထန်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။
ဒါပေမယ့် မနှစ်က ဘင်္ဂလားဒေ့ရှ်မှာ လူသုံးထောင်သေဆုံးခဲ့ရပြီး နှစ်သန်းခွဲ အိုးမဲ့
အိမ်မဲ့ နေရာရွှေ့ပြောင်းခဲ့ရတဲ့ မုန်တိုင်းထက်တော့ ပျော့ဖွယ်ရှိတယ်လို့ သူတို့က
ဆိုပါတယ်။