စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုနဲ့ အခြေခံအဆောက်အအုံ လိုအပ်ချက်

ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စီးပွားရေးတဟုန်ထိုးတိုးတက်လာခဲ့ပေမဲ့ လိုအပ်တဲ့အခြေခံအဆောက်အအုံများက တိုးတက်လာတဲ့အရှိန်နဲ့ အချိန်မီ မပြောင်းလဲနိုင်ခဲ့ရင် တွေ့ကြုံရမဲ့ အခက်အခဲ အကြပ်အတည်းများ အကြောင်းကို အိန္ဒိယနိုင်ငံကို နမူထား တင်ပြထားပါတယ်။

မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ လေဆိပ်သစ်တစ်ခုကို အိုင်တီနည်းပညာလုပ်ငန်းဗဟိုဌာနဖြစ်တဲ့ ဘန်ဂလိုမြို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ အိုင်တီနည်းပညာလုပ်ငန်းများ အရှိန်ဟုန်တိုးတက်လာခဲ့တာကြောင့် လိုအပ်တဲ့ ပို့ဆောင်သွားလာရေးအတွက် လေဆိပ်သစ်ကို ဖွင့်လှစ်ခဲ့ပေမဲ့ စီးပွားရေးဗဟိုချက် မြို့လယ် ကနေ ၃၆ မိုင်လောက် အလှမ်းဝေးနေတဲ့ လေဆိပ်ကို အရောက်သွားဖို့ ကြုံတွေ့ခဲ့ရတဲ့ ပြဿနာကတော့ လမ်းပန်းသွားလာရေး အခက်အခဲပြဿနာများ ဖြစ်ခဲ့တယ်။ ယာဉ်ကြောတွေ ပိတ်နေတဲ့ လမ်းကိုတိုးချဲ လုပ်ကိုင်ခြင်းမလုပ်ခဲ့ဘဲ လေဆိပ်သစ်ဦးစွာဖွင့်ခဲ့တာကြောင့် လေဆိပ်ကိုသွား ရာမှာ အချိန်ကြာ အခက်အခဲများ ဖြစ်လာခဲ့တာကို ကြုံတွေ့ခဲ့ရတယ်။

အခြေခံအဆောက်အအုံ မလုံလောက်တဲ့ မြိ့ကြီးတွေမှာ လက်ရှိကြုံတွေ့နေရတဲ့ ပို့ဆောင် ဆက်သွယ်ရေး မလုံလောက်တဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။ စိတ်ချရတဲ့ ဓါတ်အားပေးစနစ်၊ အဝေးပြေး ကားလမ်းမကြီးတွေ၊ ဆိပ်ကမ်းတွေ၊ ကမ္ဘာ့အဆင့်အတန်းမီလေဆိပ်တွေက ရုတ်ချည်း စီးပွားရေး တိုးတက်လာတဲ့ မြို့ကြီးတွေမှာ တိုးတက်ပြောင်းလဲခြင်းနဲ့အတူ မလိုက်နိုင်တဲ့ ပြဿနာများ၊ အခက်အခဲများဖြစ်လာခဲ့တာကို ကျွမ်းကျင်သူများ၏ ပြောဆိုသုံးသပ်ချက်များဖြင့် တင်ပြထားပါတယ်။