နယ်စည်းမခြားသတင်းအဖွဲ့ ဇော်သက်ထွေးကို လွှတ်ပေးဖို့တောင်းဆို

လေဘေးသင့်ပြည်သူတွေကို အကူအညီပေးပြီးတဲ့နောက် အဖမ်းခံလိုက်ရတဲ့ မြန်မာစာရေးဆရာကို လွှတ်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။

ကိုဇော်သက်ထွေးဟာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေကြတဲ့ စာနယ်ဇင်းဆရာတွေနဲ့ အင်တာနက် စာရေးဆရာတွေထဲက တယောက်ဖြစ်ပါတယ်လို့ ပြင်သစ်အခြေစိုက် စာနယ်ဇင်းဆိုင်ရာ အခွင့်အရေးအုပ်စုက ဆိုပါတယ်။

၂၀၀၆ ခုနှစ်နဲ့ယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ အင်တာနက်စာရေးဆရာတွေက သုံးဆများလာတယ်လို့ ပိုင်းခြားစိတ်ဖြာ သုံးသပ်သူတွေက ပြောကြပါတယ်။

မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့မှာရှိတဲ့ သူ့မိဘတွေဆီ အလည်ပြန်စဉ်မှာ ကိုဇော်သက်ထွေး အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ဆိုကြပါတယ်။

ကိုဇော်သက်ထွေးဟာ လေဘေးသင့် မြစ်ဝကျွန်းပေါ်ဒေသကို အကြိမ်များစွာ သွားဖြစ်ကြဖို့ စည်းရုံးခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ ဘာကြောင့်ဖမ်းသလဲဆိုတာကို မပြောသေးပါဘူး။