ဇင်ဘာဘွေက ရွေးကောက်ပွဲဟာ လွတ်လပ် မျှတမှု
မရှိဘူးလို့ လေ့လာစောင့်ကြည့်သူတွေက ဝိုင်းပြီး ပြောနေကြတဲ့ ကြားကနေ သမ္မတ
ရောဘတ်မူဂါဘီက သူအနိုင်ရခဲ့တယ်ဆိုပြီး
ငါးကြိမ်ဆက်တိုက် သမ္မတအဖြစ်နဲ့ ကျမ်းသစ္စာကျိမ်ဆိုပွဲကို ပြုလုပ်ခဲ့ပါတယ်။
ရွေးကောက်ပွဲကော်မရှင်က သောကြနေ့က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ်တွေကို ထုတ်ပြန်ခဲ့တဲ့အထဲမှာ သမ္မတ မူဂါဘီက မဲ ၈၅ရာခိုင်နှုန်းရပြီး အပြတ်အသတ်အနိုင်ရခဲ့တယ်လို့ ဖော်ပြပါတယ်။ အတိုက်အခံခေါင်းဆောင် မော်ဂန် ချိန်ကရိုင်းရဲ့ ပါတီဝင်တွေနဲ့ သူ့ပါတီဝင်တွေကို ထောက်ခံသူတွေအပေါ်မှာ နှောက်ယှက်မှု အကြမ်းဖက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပြီး မစ္စတာ ချန်ကရိုင်းက ဒုတိယအကျော့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိခဲ့ပါဘူး။