ဇင်ဘာဘွေနိုင်ငံမှာ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းရန် အာဖရိကသမဂ္ဂ တိုက်တွန်းချက် မူဂါဘီ ကြိုဆို

ဇင်ဘာဘွေ နိုင်ငံမှာ အမျိုးသား ညီညွတ်ရေး အစိုးရ ဖွဲ့ဖို့ အာဖရိက သမဂ္ဂ ရဲ့ ဆုံးဖြတ်ချက် ကို ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့ ဇင်ဘာဘွေရဲ့ အဓိက အတိုက်အခံ ပါတီ ကတော့ ဆက်လက် ကြားဝင်ဖျန်ဖြေနေတာကို လက်မခံနိုင် ဖြစ်နေပါတယ်။

ကျမ်းကျိန်ပွဲ မှာ ပြောခဲ့တဲ့အတိုင်း သမ္မတ မူဂါဘီက သူ့ တိုင်းပြည် ရဲ့ ပြဿနာတွေကို ဆွေးနွေးညှိုနှိုင်းဖို့ ဖွင့်ထားကြောင်း ဇင်ဘာဘွေ ပြန်ကြားရေး ဝန်ကြီး Sikhanyiso Ndlovuက ပြောပါတယ်။

ဇင်ဘာဘွေမှာ အမျိုးသား ညီညွတ်ရေး အစိုးရကို ဦးတည်သွားစေမယ့် ကြားဝင်ဖျန်ဖြေရေး လုပ်ဖို့ အာဖရိက သမဂ္ဂက ဆုံးဖြတ်ခဲ့ပါတယ်။

ဒါပေမဲ့ မတူခြားနားတဲ့ ကြားဝင်သူကို အာဖရိက သမဂ္ဂက မရွေးချယ်ခဲ့ဘူး ဆိုရင်၊ ဆက်စကားပြောနေတာ အဓိပ္ပါယ် မရှိဘူးလို့ အတိုက်အခံ ပါတီ ဖြစ်တဲ့ ဒီမိုကရေစီ အပြောင်းအလဲ ပါတီရဲ့ ခေါင်းဆောင် မော်ဂန် ရှန်ဂရိုင်းက ပြောပါတယ်။

ကြားဝင်နေတဲ့ တောင်အာဖရိက သမ္မတ Thabo Mbeki ဟာ မူဂါဘီ အပေါ် ပျော့လွန်းတယ်လို့ ဆိုပါတယ်။

ဘယ် ဆွေးနွေးပွဲပဲဖြစ်ဖြစ် ရွေးကောက်ပွဲသစ်ကို ဦးတည် ကျင်းပမရမယ်လို့လည်း အတိုက်အခံ ခေါင်ေးဆာင်က ပြောပါတယ်။