အမေရိကန်ပြည်ထောင်စု
ဒီမိုကရက်ပါတီရဲ့
သမ္မတလောင်း ဘားရတ် အိုဘားမား (Barack
Obama) ဟာ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ကို
လွန်ခဲ့တဲ့ ၂၀၀၆ ခုနှစ်ကစပြီး
အခုခရီးစဉ်ဟာ
ပထမဆုံး ခရီးစဉ်အဖြစ် ရောက်ရှိနေပါတယ်။
လာမယ့်နိုဝင်ဘာလအတွင်း
အမေရိကန်
ပြည်ထောင်စုမှာကျင်းပမယ့် သမ္မတရွေးကောက်
ပွဲမတိုင်မီ နိုင်ငံခြားဆက်ဆံရေး
မူဝါဒတွေနဲ့
ပတ်သက်ပြီး ပိုမိုလုပ်ဆောင်နိုင်မှုတွေရှိတာကို
ပြသတဲ့ ခရီးစဉ်တရပ်လည်း
ဖြစ်ပါတယ်။ အီရတ်
နိုင်ငံမြောက်ပိုင်း အာရ်ဘီလ်မြို့ကနေ ဗွီအိုအေသတင်းထောက် စူစန်
ပရက်စ်တို
(Suzanne Presto) သတင်းပေးပို့ထားတဲ့အတိုင်း မညိုညိုလွင်က
တင်ပြပေးထားပါ
တယ်။
အီလီနွိုင်းအထက်လွှတ်တော်အမတ်
ဘားရတ် အိုဘားမားဟာ အီရတ်နိုင်ငံကို နိုင်ငံရဲ့
လုံခြုံရေးအခြေအနေတွေ လက်ဦးသိရှိနိုင်ဖို့အတွက်
သွားရောက်ခဲ့ပါတယ်။ ဒါ့အပြင်
အမေရိကန် သမ္မတရွေးကောက်ပွဲအတွက် မဲဆွယ်ပွဲမှာ အဓိကအကြောင်းအရာဖြစ်တဲ့
အီရတ်အရေးနဲ့ပတ်သက်ပြီး ၂၀၀၈ ခုနှစ်နောက်ပိုင်း အမေရိကန်ရဲ့ အီရတ်မှာ
ပါဝင်
ပတ်သက်မှု အတိုင်းအတာကိုလည်း ရရှိစေမယ့် ခရီးစဉ်ဖြစ်ပါတယ်။
အိုဘားမားဟာ
အီရတ်သမ္မတ ဂျလာလ် တလာဘာနီ (Jalal Talabani) နဲ့
အီရတ်
ဝန်ကြီးချုပ် နိုရီ အာလ် မာလကီ (Nouri al-Malaki)
တို့ကို သီးခြားတွေ့ဆုံခဲ့ပါတယ်။
ဒီလိုတွေ့ဆုံမှုတွေအပြီး လူထုကို ထုတ်ဖော်ပြောဆိုတာမျိုးတွေတော့
တယောက်မှ
မရှိခဲ့ပါဘူး။ လုံခြုံရေးနဲ့ စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုတွေနဲ့
ပတ်သက်ပြီး စိန်ခေါ်မှုတွေ
ရော အောင်မြင်မှုတွေပါ ပါတဲ့ ဆွေးနွေးချက်တွေကို
ဆွေးနွေးခဲ့ကြတယ်လို့တော့
အီရတ်သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
အဲ့ဒီနေ့
စောစောပိုင်းတွေကတော့ အိုဘားမားဟာ အီရတ်နိုင်ငံ တောင်ပိုင်းမှာရှိတဲ့
ဘာစရာမြို့ကိုသွားရောက်ပြီး အမေရိကန်တပ်ဖွဲ့တွေနဲ့ စစ်တပ်အရာရှိတွေကို
တွေ့ဆုံ
ခဲ့ပါတယ်။
အခြားသွားရောက်ခဲ့တဲ့
တရားဝင် တာဝန်ရှိသူတွေလိုပဲ အီရတ်မှာ ဖြစ်ထွန်းမှု
နောက်ဆုံးအခြေအနေတွေကို
စစ်တပ်အရာရှိတွေက အိုဘားမားကို ပြောဆိုကြမှာ
ဖြစ်မယ်လို့ ယူဆတဲ့အကြောင်း အမေရိကန်
ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ
ဘရိုင်ရန် ဝှစ်တ်မန်း (Bryan
Whitman) က ဝါရှင်တန်မြို့မှာ ပြောဆိုပါတယ်။
"သူများတွေ
ကြားခဲ့ရသလိုပဲ တူညီတဲ့အကြောင်းတွေကို ကြားရလိမ့်မယ်လို့ ကျနော်
ထင်ပါတယ်။
စစ်မြေပြင်မှာ ရှိနေကြတဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ခံတွေက သူတို့
တွေ့မြင်နေရတဲ့
အကြောင်းတွေ၊ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေ၊ ရရှိခဲ့တဲ့ အောင်မြင်မှု
တွေနဲ့ အဲ့ဒီနေရာဒေသတွေမှာ
လုပ်ဆောင်စရာတွေ အများကြီး လိုအပ်နေသေးတယ်
ဆိုတာတွေပဲ ဖြစ်မှာပါ။"
အိုဘားမားဟာ
အီရတ်စစ်ပွဲကို ဆန့်ကျင်သူဖြစ်ပြီး သူသာ သမ္မတဖြစ်ခဲ့ရင် စစ်ပွဲကို
အဆုံးသတ်မယ်ဆိုတဲ့အကြောင်း ထပ်ခါတလဲလဲ ပြောဆိုနေသူလည်း ဖြစ်ပါတယ်။
ဒီလစောစောပိုင်းကတော့
သူသာ သမ္မတအဖြစ် ရွေးချယ်ခံရရင် ၁၆ လအတွင်းမှာ
အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို
တဖြည်းဖြည်းခြင်း ရုပ်သိမ်းသွားမယ်လို့
ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်
အီရတ်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် ဒီ အမေရိကန်တပ်ဖွဲ့တွေ ၁၆ လ
အတွင်း ရုပ်သိမ်းသွားမယ်ဆိုတဲ့
လုပ်ငန်းစဉ်နဲ့ပတ်သက်လို့ ပြောဆိုတာတွေ မရှိဘူးလို့
အီရတ်အစိုးရ ပြောခွင့်ရသူ အလီ
အာလ် ဒါဘ်ဘတ် (Ali al-Dabbagh) က ပြောဆိုပါ
တယ်။
အစ္စရေးလ်နဲ့ ဂျော်ဒန်ကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။ သူနဲ့အတူ ဒီခရီးစဉ်
မှာ အထက်လွှတ်တော်အမတ်နှစ်ဦးဖြစ်တဲ့ ရီပတ်ဘလစ်ကန်ပါတီက ချတ်ခ်ဟာဂယ်လ်
နဲ့ ဒီမိုကရက်ပါတီက ဂျက်ရိဒ်တို့လည်း အတူလိုက်ပါသွားခဲ့ကြပါတယ်။