ဇင်ဘာဘွေ နိုင်ငံရေးပဋိပက္ခ ပြေလည်ရေး တွေ့ဆုံဆွေးနွေး

ဇင်ဘာဘွေနိုင်ငံမှာ နိုင်ငံရေးအကြမ်းဖက် ပဋိပက္ခတွေ အဆုံးသတ်ရေးအတွက်
အာဏာရပါတီနဲ့ အဓိကအတိုက်အခံပါတီတို့ကြား ဆွေးနွေးပွဲတွေ ဒီကနေ့
တောင်အာဖရိကနိုင်ငံမှာ စတင်တော့မယ်လို့ သံတမန်အသိုင်းအဝိုင်းက ပြောကြပါ
တယ်။

ဆွေးနွေးပွဲတွေဟာ ဇင်ဘာဘွေသမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) နဲ့
အတိုက်အခံ MDC ဒီမိုကရေစီပြောင်းလဲရေး လှုပ်ရှားမှုပါတီခေါင်းဆောင် မော်ဂန်
ချန်ဂရိုင်း (Morgan Tsvangirai) တို့ တနင်္လာနေ့က မြို့တော် ဟာရာရဲမှာ သဘော
တူညီချက်ရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။ အဲဒီ တနင်္လာနေ့က ဆွေးနွေးပွဲဟာ နိုင်ငံရေး
ပြိုင်ဘက်နှစ်ဦးအကြား ဆယ်စုနှစ်တခုအတွင်း ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံ
ဆွေးနွေးကြတာ ဖြစ်ပါတယ်။

နှစ်ဘက်ကြား အဓိက ကြားဝင်စေ့စပ်ပေးနေတဲ့ တောင်အာဖရိကသမ္မတ သာဘို
အမ်ဘီးကီး (Thabo Mbeki) လည်း သဘောတူညီချက်ရခဲ့တဲ့ အခမ်းအနားကို
တက်ရောက်ခဲ့ပါတယ်။

သဘောတူညီချက်အရ ဆွေးနွေးပွဲကို သီတင်းနှစ်ပတ်အတွင်း ပြီးအောင်လုပ်ရမှာ
ဖြစ်ပြီး အမျိုးသားညီညွတ်ရေး အစိုးရတရပ် ဖွဲ့စည်းဖို့နဲ့ အကြမ်းဖက်မှုရပ်ဆိုင်းဖို့တွေကို
အဓိကအာရုံစိုက် ဆွေးနွေးကြမှာ ဖြစ်ပါတယ်။