မြန်မာစစ်အစိုးရကို ငွေချေးသည့်ကိစ္စ ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင်ကို တရားစွဲမည်

ထိုင်းဝန်ကြီးချုပ်ဟောင်း တက်ဆင် ရှင်နာဝပ်အပေါ် အကျင့်ပျက်ခြစားမှုနဲ့ စွဲချက်အသစ်တင်ထားတာကို ကြားနာဖို့ ထိုင်းတရား ရုံးချုပ်က သဘောတူလိုက်ပါတယ်။

ထိုင်းထုတ်ကုန်သွင်းကုန်ဘဏ်ကနေ မြန်မာအစိုးရကို အတိုးနှုန်းနည်းနည်းနဲ့ ငွေချေးဖို့ အတည်ပြုခဲ့တာဟာ သူ့ကိုယ်ကျိုး စီးပွားအတွက်လုပ်ခဲ့တာလို့ အစိုးရစုံစမ်းစစ်ဆေးရေးကော်မတီတခုက စွပ်စွဲထားတာပါ။ ဒေါ်လာ သန်း ၁၂၀ ချေးငွေနဲ့ အဲဒီအချိန် က မစ္စတာတက်ဆင်မိသားစုပိုင် ရှင်းဂြိုဟ်တုကုမ္ပဏီကနေ ပစ္စည်းကိရိယာတွေကို မြန်မာနိုင်ငံကဝယ်ယူဖို့ ရည်ရွယ်ခဲ့ပါတယ်။

အမှုအတွက် ပထမဆုံးကြားနာပွဲကို စက်တင်ဘာလလယ်မှာလုပ်ဖို့ သတ်မှတ်ထားပါတယ်။

သူဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်းဖြစ်ခဲ့တယ်ဆိုတဲ့ အကျင့်ပျက်ခြစားမှုစွဲချက် အများအပြားကို မစ္စတာ တက်ဆင် ရင်ဆိုင်နေရရပါတယ်။ သူ့အစိုးရက နိုင်ငံတော်အောင်ဘာလေထီ စဖွင့်ခဲ့တဲ့အချိန်တုန်းက ထီနဲ့ဆိုင်တဲ့ဥပဒေကို ချိုးဖောက်မှု ရှိ-မရှိ မစ္စတာတက်ဆင်အပါအဝင် ဝန်ကြီးဟောင်း ၄၇ ယောက်တို့ကို ကြားနာစစ်ဆေးဖို့ တနင်္လာနေ့ကပဲ တရားရုံး ချုပ်က သဘောတူခဲ့ပါသေးတယ်။

မစ္စတာတက်ဆင်ကို ၂၀၀၆ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီး ရာထူးကဖြုတ်ချခဲ့ပါတယ်။ အဲဒီနောက် အာဏာသိမ်းစစ်တပ်က ကော်မတီတရပ်ဖွဲ့စည်းပြီး အာဏာအလွဲသုံးစားလုပ်မှု၊ သူ့အစိုးရအဖွဲ့ရဲ့ မလျော်မကန်ပြုကျင့်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။