မနေ့က တရုတ်နိုင်ငံ ရှင်းကျန်းပြည်နယ်
ကက်ရှ်ကာမြို့မှာ
တရုတ်ရဲတပ်ဖွဲ့ဝင် ၁၆ ဦး
သေဆုံးသွားခဲ့ရတဲ့ ဗုံးခွဲတိုက်ခိုက်မှုကို အမေ
ရိကန်
နိုင်ငံခြားရေးဝန်ကြီးဌာနက ပြင်းထန်စွာ
ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
သေဆုံးသွားတဲ့ တရုတ်ရဲတပ်ဖွဲ့ဝင်တွေနဲ့
ကျန်ရစ်သူ
မိသားစုတွေအတွက် ဝမ်းနည်း
ကြောင်း အမေရိကန်ပြည်ထောင်စုက
အကြောင်းကြားခဲ့တယ်လို့
နိုင်ငံခြားရေးဝန်ကြီး
ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဂွန်ဇာလို ဂဲလက်ဂေါ့စ်
(Gonzalo
Gallegos) က ဆိုပါတယ်။
လက်သည်တရားခံတွေဟာ ဝီဂါ မူဆလင်တိုင်းရင်းသား ၂
ဦးဖြစ်တယ်လို့ အစိုးရရဲ့
ဆင်ဟွာသတင်းဌာနက ကြေညာပါတယ်။ အသက် ၂၈ နှစ်နဲ့ ၃၃
နှစ်ရှိကြတဲ့ ဗုံးခွဲ
တရားခံ ၂ ဦးကိုလည်း နောက်ပိုင်းမှာ ဖမ်းမိခဲ့ပါတယ်။
မှာ ဖြစ်ပွားခဲ့တဲ့ ဒီဗုံးပေါက်မှုဟာ မနက်စောစော ကိုယ်လက်ကြံ့ခိုင်ရေး အပြေး
လေ့ကျင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေဆီကို အမှိုက်တင်ထရပ်ကားတစီးက မောင်းဝင်ပြီး
ပါလာတဲ့ ဗုံးခွဲသမားတွေက ဗုံးလည်းခွဲ၊ ရဲတွေကိုလည်း ဓားနဲ့ထိုး တိုက်ခိုက်ခဲ့တာ
ဖြစ်ပါတယ်။