ရုရှားတပ်တွေ ပြန်ရုပ်သိမ်းမည်ဆိုသည့် ကတိတည်ရန် သမ္မတဘုရှ် သတိပေး

ဂျော်ဂျီယာတပ်တွေ ပြန်ရုပ်သိမ်းပေးမယ်လို့
ကတိပေးထားတဲ့အတိုင်း ရုရှားအနေနဲ့ လုပ်ရ
လိမ့်မယ်လို့ အမေရိကန်သမ္မတ ဘုရှ် (Bush) က
ထပ်မံပြောဆိုလိုက်ပါတယ်။

ဂျော်ဂျီယာနိုင်ငံကို "ရဲရင့်တဲ့ ဒီမိုကရေစီနိုင်ငံ"
လို့ သမ္မတဘုရှ်က ဆိုလိုက်ပြီး နိုင်ငံရဲ့အချုပ်
အချာကို လေးစားတာဟာ အရေးကြီးတဲ့
အကြောင်းကို အိမ်ဖြူတော်မှာ ဒီကနေ့ ထပ်မံ
ပြောဆိုခဲ့ပါတယ်။ ဂျော်ဂျီယာနိုင်ငံသားတွေဟာ
အနောက်တိုင်း ဒီမိုကရေစီနိုင်ငံတွေကို ရွေးချယ်
ခဲ့ကြသလို အနောက်နိုင်ငံတွေကလည်း သူတို့ကို
ပစ်ပယ်ထားမှာ မဟုတ်ဘူးလို့လည်း သမ္မတဘုရှ်
က ဆိုပါတယ်။

အနောက်နိုင်ငံတွေနဲ့ ဂျော်ဂျီယာ ဆက်ဆံရေးမှာ သဘောထားကွဲလွဲတာမျိုးကို ရုရှားက
မလိုလားသလိုဘဲ မတရားအနိုင်ကျင့်၊ အနှောင့်အယှက်ပေးတဲ့ နိုင်ငံခြားရေးမူဝါဒမျိုး
ချမှတ်တာဟာလည်း လက်ခံနိုင်စရာ မဟုတ်ဘူးလို့ သမ္မတဘုရှ်က ဆိုပါတယ်။

ရုရှား-ဂျော်ဂျီယာ အပစ်အခပ်ရပ်စဲရေး ကြိုးပမ်းတဲ့အနေနဲ့ ဂျော်ဂျီယာသမ္မတ မီခေးလ်
ဆာကက်ရှ်ဗီလီ (Mikhail Saakashvili) နဲ့ တွေ့ဆုံဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေး
ဝန်ကြီး ကွန်ဒိုလီဇာ ရိုက်စ် (Condeleezza Rice) ဂျော်ဂျီယာနိုင်ငံ တီဘလစ်စီမြို့ကို
ရောက်ရှိနေပြီဖြစ်သလို တချိန်တည်းမှာပဲ သမ္မတဘုရှ်က အခုလိုမျိုး ပြောဆိုလိုက်တာ
ပါ။

ရုရှားနေ့စဉ်သတင်းစာ ကွန်မားဆန့် (Kommersant) ရဲ့ အင်တာဗျူးတခုမှာ
ဂျော်ဂျီယာသမ္မတ ဆာကက်ရှ်ဗီလီက ရုရှားကို သူ့ဘက်ကနေ ဘယ်လိုအလျှော့ပေးမှုမှ
လုပ်သွားမှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။

တချိန်တည်းမှာပဲ ဂျာမဏီဝန်ကြီးချုပ် အိန်ဂျလာ မာကဲလ် (Angela Merkel) ကလည်း
ဂျော်ဂျီယာနိုင်ငံ တစုတစည်းထဲရှိရေးကို သူ ထောက်ခံအားပေးသလို ရုရှားရဲ့လုပ်ရပ်
တွေဟာ သင့်တော်မှုမရှိဘူးလို့ ဆိုပါတယ်။ ရုရှား ပင်လယ်နက်ကမ်းခြေ အပန်းဖြေ
စခန်း ဆိုချီမှာ ရုရှားသမ္မတ ဒီမီထရီ မက်ဗီဒက်ဗ် (Dmitri Medvedev) နဲ့ တွေ့ဆုံပြီး
နောက် သူက အဲဒီလိုပြောသွားခဲ့တာပါ။

ရုရှားသမ္မတကတော့ ဂျော်ဂျီယာရဲ့ ခွဲထွက်ရေးဒေသ အက်ဘ်ခါဇီးယားနဲ့ တောင်
အိုဇက်တီးယားက ပြည်သူတွေအနေနဲ့ ဂျော်ဂျီယာနိုင်ငံရဲ့ ဒေသတွေအဖြစ်နဲ့ နေလိုကြ
မှာမဟုတ်ဘူးလို့ ပြောဆိုခဲ့ပါတယ်။