ထိုင်းနိုင်ငံ
အစိုးရရုံးစိုက်ရာနေရာကို
ချိုးဖောက်ဝင်ရောက်ခဲ့ကြတဲ့ ဆန္ဒပြသူတွေ
ဟာ နောက်ထပ်
စစ်အာဏာသိမ်းမှုတခု
ဖြစ်အောင် လှုံ့ဆော်နေတာဖြစ်တယ်လို့
ထိုင်းဝန်ကြီးချုပ် ဆမတ်က်
ဆွန်ထာရာဝေ
(Samak
Sundaravej) က
ပြောလိုက်ပါ
တယ်။
ဆန္ဒပြသူတွေဟာ
သွေးထွက်သံယို
ဖြစ်ချင်နေကြပြီး စစ်တပ်က ဝင်စွက်ပြီး
တော့ နောက်ထပ်
အာဏာသိမ်းစေချင်ကြတယ်လို့ မစ္စတာဆမတ်က်က သတင်း
ထောက်တွေကို ဒီကနေ့ပြောတာပါ။
ဒီကနေ့အစောပိုင်းမှာ
ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေက အစိုးရအိမ်တော်ကို
ဝန်းရံထားတဲ့ ဝင်းထဲကို
ချိုးဖောက်ဝင်ရောက်ခဲ့ကြပါတယ်။ ဒါ့အပြင် နိုင်ငံပိုင်
ရုပ်မြင်
သံကြားဌာနချုပ်ထဲကိုလည်း ဆန္ဒပြသူတွေ ဝင်ရောက်ခဲ့ကြပါတယ်။
အစိုးရရုံးတွေကို
ဝန်းရံကြတဲ့ ဆန္ဒပြသူအရေအတွက် ၃၀,၀၀၀ လောက်ရှိမယ်လို့
ရဲတပ်ဖွဲ့က ခန့်မှန်းပေမယ့်
ဆန္ဒပြပွဲကို လှုံ့ဆော်စည်းရုံးသူတွေကတော့ လူ ၃၀၀,၀၀၀
လောက်ထိပါဝင်တယ်လို့
ခန့်မှန်းကြောင်း ပြောပါတယ်။
ရုပ်မြင်သံကြားကနေ
နိုင်ငံကို မိန့်ခွန်းပြောကြားရာမှာ ဆန္ဒပြပွဲတွေကို ရပ်ဆိုင်းဖို့
မစ္စတာဆမတ်က်က
တောင်းဆိုခဲ့ပါတယ်။
မစ္စတာဆမတ်က်က ပြောပါတယ်။