ဂူးစတပ် ဟာရီကိန်းမုန်တိုင်း တနာရီ ကီလိုမီတာ ၂၄၀ နှုန်းဖြင့် ကျူးဘားကို တိုက်ခတ်

ဟာရီကိန်း မုန်တိုင်း ဂူးစတပ် (Gustav) စနေနေ့က တနာရီ ကို ကီလိုမီတာ ၂၄၀ နှုန်း နဲ့ ဝင်ရောက်တိုက်ခတ်သွားပါတယ်။ ဟာရီကိန်း မုန်တိုင်းအဖျား က မြို့တော် ဟာဗနာ နဲ့ အိုင်းလော့ရုကျွန်း တို့ကို စနေနေ့က တိုက်ခတ်သွားပြီး ကျူးဘားနိုင်ငံ တချို့နေရာများမှာ ၄ ပေနီးပါး မိုးရေချိန် ရွာသွန်းနိုင်ကြောင်း မိုးလေသ၀ ဌာန က ခန့်မှန်းထားပါတယ်။

အမေရိကန်နိုင်ငံ ဟာရီကိန်း တိုင်းတာရေး ဌာန က အဆင့် (၄) ဟာရီကိန်း အဖြစ်နဲ့ အန္တရာယ် ပိုပြီး ကြီးမားလာနိုင်ကြောင်း သတိပေး ခန့်မှန်းထားပြီး မိုးလေဝသ ခန့်မှန်းသူများ ကတော့ မက္ကဆီကို ပင်လယ်ကွေ့ နဲ့ အမေရိကန် အရှေ့တောင် ကမ်းရိုးတန်း ကို ဦးတည်လာစဉ် အင်အားပိုကောင်းလာ လိမ့်မယ်လို့ ဆိုပါတယ်။

ဟာရီကိန်း ဂူးစတပ် ကြောင့် ဂျမေကာ၊ ဟိတ်တီ နဲ့ ဒိုမီနီကန် သမ္မတ နိုင်ငံ တို့မှာ လူ ၈၀ ထက် မနဲ သေဆုံးခဲ့ရပြီး ဖြစ်ပါတယ်။ တနင်္လာနေ့မှာ ဝင်ရောက်မယ်လို့ ခန့်မှန်းရတဲ့ အတွက် အမေရိကန် တောင်ပိုင်း နယူး အော်လဲန်းစ် မြို့ က မြို့ခံလူ ထောင်ပေါင်းများစွာ တို့ ထွက်ပြေး တိမ်းရှောင်နေကြရပါတယ်။