အာရှတိုက်ဆင်းရဲမှု တိုင်းတာသည့် နည်းလမ်းသစ်

စက်တင်ဘာ ၁၊ ၂၀၀၈ - အာရှတိုက်ကနိုင်ငံတွေ ဘယ်လောက် ဆင်းရဲတယ်ဆိုတာကို
တိုင်းတာတဲ့၊ တနည်းပြောရရင် ဆင်းရဲမှုအဆင့်ကိုသတ်မှတ်တဲ့ နည်းလမ်းအသစ်တခု
ထွက်ရှိလာပါတယ်။

ကမ္ဘာ့ဘဏ်ကသတ်မှတ်ထားတဲ့ ဝင်ငွေနိမ့်နိုင်ငံ ၄၉ နိုင်ငံထဲမှာ အာရှတိုက်နဲ့ အာဖရိက
တိုက်ကနိုင်ငံတွေ ပါဝင်ပါတယ်။ အဲဒီထဲမှာ မြန်မာနိုင်ငံလည်း အပါအဝင်ပါ။ လူ
တယောက်ဟာ တရက်ကို အမေရိကန် တဒေါ်လာအောက် လျော့တဲ့ဝင်ငွေပဲ ရတယ်
ဆိုရင် အဲဒီလူနေတဲ့နိုင်ငံကို ဆင်းရဲမှုအမှတ်အောက် ရောက်နေတယ်လို့ ကမ္ဘာ့ဘဏ်
က သတ်မှတ်ပါတယ်။ အခုတော့ ADB အာရှဖွံ့ဖြိုးရေးဘဏ်က အဲဒီထက် နည်းနည်းပို
ပြီး တဒေါ်လာနဲ့ ၃၅ ဆင့်ကို အာရှ တိုက်ရဲ့ ဆင်းရဲမှုတိုင်းတာတဲ့ အမှတ်အဖြစ်
ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်။