အမေရိကန် ရီပတ်ဘလီကန်ပါတီ ပြည်လုံးကျွတ်ညီလာခံ စတင်ကျင်းပ

အမေရိကန် ရီပတ်ဘလီကန်ပါတီ ညီလာခံကြီးဟာ မင်နီဆိုးတားပြည်နယ်၊ စိန့်ပေါလ်
မြို့မှာ စတင်ခဲ့ပါပြီ။

အဲဒီညီလာခံမှာ ရီပတ်ဘလီကန်ပါတီ သမ္မတလောင်း ဂျွန်မက်ကိန်း (John McCain) ရဲ့
ဇနီးဖြစ်သူ စင်ဒီ မက်ကိန်း (Cindy McCain) နဲ့ လက်ရှိသမ္မတကတော် လော်ရာဘုရှ်
(Laura Bush) တို့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။

သူတို့ရဲ့မိန့်ခွန်းထဲမှာ အခု အရှိန်ပြင်းစွာ ရိုက်ခတ်နေတဲ့ ဂုစတပ်ဗ် ဟာရီကိန်းမုန်တိုင်း
သင့်သူတွေအတွက် အလှူငွေတွေ တတပ်တအား ပါဝင်ကြဖို့ အမေရိကန်ပြည်သူတွေကို
တိုက်တွန်းပြီး သူတို့အနေနဲ့လည်း အစားအသောက် အပါအဝင် တခြား ကယ်ဆယ်ရေး
ဆိုင်ရာ ပစ္စည်းတွေကိုလည်း စုစည်းထားပြီးဖြစ်တယ်၊ လိုအပ်တာတွေအတွက်လည်း
အဆင်သင့်ရှိပါတယ်လို့ ပြောကြားသွားခဲ့ပါတယ်။