အကြမ်းဖက်တိုက်ခိုက်ခံရမှု ၇ နှစ်ပြည့် အောက်မေ့ဘွယ် အခမ်းအနားများ ကျင်းပ

၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့က
အမေရိကန်ပြည်ထောင်စု အကြမ်းဖက်
တိုက်ခိုက်ခံခဲ့ရတဲ့ ၇ နှစ်ပြည့် နှစ်ပတ်လည်
အောက်မေ့ဘွယ် အခမ်းအနားကို အမေ
ရိကန်သမ္မတ ဘုရှ် (Bush) က သမ္မတ
အိမ်ဖြူတော်မှာ ကျင်းပမှာဖြစ်ပါတယ်။
အမေရိကန်စံတော်ချိန် မနက် ၈ နာရီ ၄၆
မိနစ်မှာ အကြမ်းဖက်တိုက်ခိုက်ခံရလို့
သေဆုံးခဲ့သူတွေအတွက် အောက်မေ့ဘွယ်
ငြိမ်သက် ဆုတောင်းမှာ ဖြစ်ပါတယ်။

ဒီလို ဆုတောင်းတဲ့အချိန်ဟာ ကမ္ဘာ့ကုန်သွယ်ရေး မိုးမျှော်တိုက်ကြီးကို ပထမဆုံး
အကြမ်းဖက်သမားတွေရဲ့လေယာဉ် ဝင်ရောက်တိုက်ခိုက်ခံခဲ့ရတဲ့အချိန် ဖြစ်ပါတယ်။
၂၀၀၁ ခုနှစ်က အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲခဲ့တဲ့ လေယဉ် ၂ စင်းက အမေရိကန်
ပြည်ထောင်စု နယူးယောက်ခ်မြို့ ကုန်သွယ်ရေး မိုးမျှော်အဆောက်အအုံကြီး ၂ ခုကို
တိုက်ခိုက်ခဲ့ပြီး နောက်ထပ်လေယာဉ် ၁ စင်းက ဝါရှင်တန်မြို့တော် ပန်တဂွန်စစ်ဌာနချုပ်
ကို တိုက်ခိုက်ခဲ့ပါတယ်။ စတုတ္ထလေယာဉ်ကတော့ အမေရိကန်ပြည်ထောင်စု ပန်ဆဲလ်
ဗေးနီးယားပြည်နယ် လယ်ကွင်းတွေထဲမှာ ပျက်ကျခဲ့ပါတယ်။

ဒီလို အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့အတွက် လူပေါင်း ၃,၀၀၀
လောက် အသက်ဆုံးရှုံးခဲ့ပါတယ်။

အမေရိကန်သမ္မတ ဂျော့ချ် ဒဘလျူ ဘုရှ် အနေနဲ့ ပန်တဂွန်စစ်ဌာနချုပ်မှာ လူ ၁၈၀
ကျော် သေဆုံးခဲ့တဲ့ အဲဒီနေ့က တိုက်ခိုက်ခံခဲ့ရတဲ့ အဖြစ်အပျက်အတွက် အောက်မေ့
ဘွယ် အမှတ်တရအဖြစ် မိန့်ခွန်းပြောကြားဖို့ စီစဉ်ထားပါတယ်။

ဒီနေ့ စက်တင်ဘာလ ၁၁ ရက် အောက်မေ့ဘွယ် အခမ်းအနားတွေကို အမေရိကန်
သမ္မတရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် သမ္မတလောင်းတွေဖြစ်တဲ့
ဂျွန်မက်ကိန်း (John McCain) နဲ့ ဘရက်ခ် အိုဘားမား (Barack Obama) တို့လည်း
တက်ရောက်ကြမှာ ဖြစ်ပါတယ်။

ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း အိုဘားမားဟာ နယူးယောက်ခ်မြို့ ကမ္ဘာ့ကုန်သွယ်
ရေး အဆောက်အအုံအနီး တိုက်ခိုက်ခံရတဲ့နေရာမှာ အောက်မေ့ဘွယ်အခမ်းအနား
တက်ရောက်မှာဖြစ်ပါတယ်။ ရီပတ်ဘလီကန် သမ္မတလောင်း ဂျွန်မက်ကိန်းကတော့
အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲခံခဲ့ရတဲ့ လေယာဉ်ပျက်ကျရာ ပန်ဆဲလ်ဗေးနီးယား
ပြည်နယ်မှာ အောက်မေ့ဘွယ် အခမ်းအနား တက်ရောက်မှာ ဖြစ်ပါတယ်။