သတင်းစာဆရာကြီး
ဦးဝင်းတင် အပါအဝင်
တခြားနိုင်ငံရေးအကျဉ်းသား ၆ ဦး လွတ်မြောက်
လာတဲ့အပေါ်
ကမ္ဘာတဝှမ်း ဝမ်းမြောက်ဝမ်းသာ
ကြိုဆိုခဲ့ကြပါတယ်။ တချိန်ထဲမှာပဲ ကျန်ရှိနေ
သေးတဲ့
နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်
ရေး အရေးကြီးတာကိုလည်း ထောက်ပြကြပါ
တယ်။
ဒီအကြောင်းတွေနဲ့ပတ်သက်ပြီး
ကိုကျော်ကျော်သိန်းက စုစည်းတင်ပြပေးထား
ပါတယ်။
သတင်းစာဆရာကြီး
ဦးဝင်းတင်ဟာ ၁၉ နှစ်
ကျော်ကြာ အကျဉ်းကျခံခဲ့ရတဲ့အတွက် မြန်မာ
နိုင်ငံရဲ့
သက်တမ်းအရှည်ဆုံး နိုင်ငံရေးအကျဉ်းသားအဖြစ် ခေါ်ဆိုကြပါတယ်။ သူ
အကျဉ်းထောင်ထဲမှာ
ရှိနေစဉ် ကာလတွေအတွင်း ၄ ကြိမ်တိုင် တွေ့ဆုံခဲ့ဖူးပြီး သူ
လွတ်မြောက်ရေးအတွက်
အစဉ်တစိုက် တောင်းဆိုလာခဲ့သူတဦးကတော့ မြန်မာနိုင်ငံ
လူ့အခွင့်အရေး အခြေအနေဆိုင်ရာ
ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူးဟောင်း
မစ္စတာ ပေါ်လို ဆာဂျီယို ပင်ညဲရိုး (Paulo
Sergio Pinheiro) ပါ။
ဆရာဦးဝင်းတင်
လွတ်မြောက်လာတဲ့အပေါ် သူ့သဘောထားကို မစ္စတာပင်ညဲရိုး
ဗွီအိုအေကို ပြောပြတာကတော့ …
"သူလွတ်မြောက်လာတဲ့အတွက်
ကျနော် တကယ့်ကို ဝမ်းမြောက်ပါတယ်ဗျာ။ သူအပါ
အဝင် တခြားနိုင်ငံရေးအကျဉ်းသားတွေ
လွတ်မြောက်ရေးအတွက် နှစ်ပေါင်းများစွာ
ကျနော် တောင်းဆိုလာခဲ့တာပါ။ ဒါ
သိပ်ကိုကောင်းပါတယ်။ သူနဲ့အတူ တခြား နိုင်ငံရေး
အကျဉ်းသား ၆ ဦး
လွတ်မြောက်လာတာကိုလည်း ကျနော် အင်မတန်ဝမ်းသာပါတယ်။
အကျဉ်းသားတွေ
လွတ်မြောက်တယ်ဆိုတာ အရေးကြီးတဲ့ကိစ္စပါ။ ဒါ့အပြင် တခြား
အကျဉ်းသား ၉,၀၀၀ ကျော်ပါ
လွတ်မြောက်လာတဲ့အတွက်လည်း ကျနော် အရမ်း
ဝမ်းသာပါတယ်။"
ကုလသမဂ္ဂရဲ့
မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးစုံစမ်းစစ်ဆေး
ရေးမှူးဟောင်း ပေါ်လို
ဆာဂျီယို ပင်ညဲရိုး ပြောပြသွားတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စုကလည်း
အလားတူ ကြိုဆိုလိုက်သလို တချိန်ထဲမှာပဲ ကျန်ရှိ
နေသေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေ
လွှတ်ပေးဖို့ကိုလည်း တိုက်တွန်းလိုက်ပါတယ်။
မနေ့က အမေရိကန် နိုင်ငံခြားရေးဌာနမှာ
ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း
နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ
ရောဘတ် ဝုဒ် (Robert Wood) က …
"အသက် ၇၈
နှစ်အရွယ်ရှိပြီဖြစ်ပြီး နှစ် ၂၀ နီးပါး အကျဉ်းကျခဲ့တဲ့ ဦးဝင်းတင် ပြန်လွတ်
မြောက်လာပြီဆိုတာ
ကျနော်သိရပါတယ်။ အချိန်အတော်ကြာကတည်းက ဒီလို
လွတ်သင့်တာဖြစ်ပေမယ့် လွတ်လာတာကတော့
အင်မတန်ကောင်းမွန်တဲ့ ဖြစ်ထွန်းမှု
ပါ။ ဒါ့ကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင်
နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို
လွှတ်ပေးဖို့နဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် လျှောက်လှမ်းဖို့
မြန်မာစစ်အစိုးရကို ကျနော်
တို့ ဆက်ပြီးတောင်းဆိုပါတယ်။ ဒါ အချိန်အတော်ကြာ
ကျနော်တို့တောင်းဆိုလာခဲ့တဲ့
ကိစ္စဖြစ်ပါတယ်။" လို့ ပြောဆိုသွားပါတယ်။
အလားတူ
ပြင်သစ်နိုင်ငံ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ရာမာ ယိတ်ဒ် (Rama Yade)
ကလည်း
ဦးဝင်းတင် လွတ်မြောက်လာတာကြောင့် သူစိတ်အေးသွားရတယ်လို့
အေအက်ဖ်ပီသတင်းဌာနကို
ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်
အပါအဝင် တခြားနိုင်ငံရေးအကျဉ်းသားတွေ ဆက်ပြီး
အကျဉ်းကျနေဆဲ ရှိတာကိုလည်း သူ မမေ့တဲ့အကြောင်း
မစ္စ ရာမာ ယိတ်ဒ်က
ပြောပါတယ်။
ဒါ့ကြောင့်
စစ်မှန်တဲ့ဆွေးနွေးပွဲတွေ စတင်ဖို့ မျှော်လင့်ချက်နဲ့အတူ၊
အမျိုးသားပြန်လည်
သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး
ဖြစ်ပေါ်လာမယ်ဆိုတဲ့ အမြင်နဲ့အတူ
ကျန်တဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို
ချက်ခြင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့
ထပ်ပြီးတောင်းဆိုပါတယ်လို့လည်း မစ္စ
ရာမာ ယိတ်ဒ်က ပြောသွားပါတယ်။
အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) ကလည်း ဦးဝင်းတင်နဲ့ နိုင်ငံရေး
အကျဉ်းသား ၆ ဦး
လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုပါတယ်။ ဒါပေမယ့်လည်း ကျန်ရှိ
နေသေးတဲ့ ခန့်မှန်းခြေ
နိုင်ငံရေးအကျဉ်းသားပေါင်း ၂,၁၀၀ တို့ရဲ့ ကံကြမ္မာအတွက်
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စိုးရိမ်ဆဲရှိကြောင်း စက်တင်ဘာလ ၂၃ ရက်၊
အင်္ဂါနေ့
ရက်စွဲနဲ့ AI ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဦးဝင်းတင်နဲ့
တခြားနိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်လာတာဟာ အချိန်အတော်
ကြာကာလတွေအတွင်း
မြန်မာနိုင်ငံကထွက်လာတဲ့ အကောင်းဆုံးသတင်းဆိုတာက
တော့ အသေအချာပဲဖြစ်တယ်၊
ဝမ်းနည်းစရာကတော့ အခုလွတ်မြောက်လာတဲ့ အရေ
အတွက်ဟာ နိုင်ငံရေးအကျဉ်းသားစုစုပေါင်းရဲ့
၁% တောင်မှ မရှိတာဘဲဖြစ်တယ်လို့
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ရဲ့
မြန်မာနိုင်ငံဆိုင်ရာ သုတေသနမှူး ဘန်ဂျမင် ဇာဝက်ကီး
(Benjamin Zawacki) ပြောတာကို
AI ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အခုလွတ်မြောက်လာသူ
၇ ဦးဟာ စကတည်းကိုက အကျဉ်းချသင့်တဲ့လူတွေ မဟုတ်
သလို တခြားလွတ်မြောက်သင့်သူ
အရေအတွက် အမြောက်အများ ရှိနေပါသေးတယ်လို့
အပြည်ပြည်ဆိုင်ရာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောပါတယ်။
ကတော့ ၁၉၉၄ ခုနှစ်က အကျဉ်းကျခဲ့တဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဆွေ၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ထောက်တဦးဖြစ်သူ ၁၉၉၆ ခုနှစ်မှာ အကျဉ်းကျခဲ့တဲ့
ဦးဝင်းထိန်၊ ၁၉၉၇ ခုနှစ်က အကျဉ်းကျခဲ့ကြသူ လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်ကြ
တဲ့ ဒေါက်တာမေဝင်းမြင့်နဲ့ ဒေါက်တာသန်းငြိမ်း၊ ၂၀၀၃ ခုနှစ်ကအကျဉ်းကျခဲ့တဲ့
လွှတ်တော်ကိုယ်စားလှယ် ဦးအောင်စိုးမြင့်နဲ့ အန်န်အယ်လ်ဒီအဖွဲ့ဝင်တဦးဖြစ်သူ
ဦးသန်းနိုင်တို့ ဖြစ်ကြပါတယ်။