သံဃာတော်တွေအပေါ် နှိပ်ကွပ်မှုကို အရေးယူရန် အမေရိကန် ဆောင်ရွက်မည်

မြန်မာနိုင်ငံမှာ မနှစ်က သံဃာထုလှုပ်ရှားမှု
ရွှေဝါရောင်တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာ
ဆန္ဒပြသူတွေကို ရက်ရက်စက်စက် အကြမ်း
ဖက် နှိပ်ကွပ်ခဲ့ရာမှာ တာဝန်ရှိတဲ့ မြန်မာ
စစ်အစိုးရ ခေါင်းဆောင်တွေကို တရားဥပဒေ
အရ အရေးယူရေး အမေရိကန်ပြည်ထောင်စု
အနေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့အတူ
ဆက်လက်ကြိုးပမ်းသွားမယ်လို့ သမ္မတ
ကတော် လော်ရာဘုရှ် (Laura Bush) က
ပြောဆိုလိုက်ပါတယ်။

စားဝတ်နေရေး ကျပ်တည်းကြတဲ့ လူထုအတွက် မေတ္တာရှေ့ထားပြီး ငြိမ်းချမ်းစွာ ကြွချီ
ဆန္ဒပြခဲ့ကြတဲ့ သံဃာထုကို အကြမ်းဖက်နှိမ်နင်းခဲ့တဲ့ နှစ်ပတ်လည်နေ့ အကြိုအထိမ်း
အမှတ်အဖြစ် သမ္မတကတော် လော်ရာဘုရှ်က ကြာသပတေးနေ့က ကြေညာချက်
ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ငြိမ်းချမ်းစွာ မေတ္တာပို့၊ ဆန္ဒပြခဲ့တဲ့ သံဃာထုနဲ့ လူထုကို မြန်မာစစ်အစိုးရက သေနတ်နဲ့
ပစ် ဖြိုခွင်းခဲ့ရာမှာ ၃၀ ထက်မနည်း သေဆုံးခဲ့ရတယ်လို့ ကုလသမဂ္ဂက မှတ်တမ်း
တင်ထားခဲ့ပါတယ်။