တနင်္လာနေ့က အမေရိကန် ကွန်ဂရက် အောက်လွှတ်တော်က ပယ်ချခဲ့တဲ့ အမေရိကန် ငွေကြေးရင်းနှီးမြုပ်နှံမှု စီးပွားရေး နယ်ပယ်မှာ အစိုးရက ဒေါ်လာ သန်းပေါင်း (၇၀၀၀၀၀) ထည့်ဝင် ဖြေရှင်းမယ့် အစီအစဉ်ကို ပြန်လည် မွမ်းမံ ပြင်ဆင်ကြပြီး၊ ဒီနေ့ ဗုဒ္ဓဟူးနေ့ည ကွန်ဂရက် အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ကြမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်မှု အချက်အလက်တခုကတော့ ဘဏ်တခု ဒေဝါလီခံပြိုလဲသွားရင်၊ လူထုရဲ့ ဒီဘဏ်မှာ အပ်ထားတဲ့ ငွေတွေအတွက် အရင်က ဒေါ်လာ(၁၀၀၀၀၀)အထိ အစိုးရက ဝင်စိုက်ပြီး ပြန်အမ်းပေးမယ့် အစီအစဉ်ကနေ ခုတခါ ပြန်အမ်းပေးမယ့် အစိုးရရဲ့ အာမခံမှုကို ဒေါ်လာ (၂၅၀၀၀၀)ထိ တိုးမြင့်ပေးမယ့် အစီအစဉ် ပါတယ်လို့ မျှော်လင့်ရပါတယ်။ ဒါမှလဲ အသေးစားစီးပွားရေး လုပ်ငန်းငယ်လေးတွေဟာ သူတို့ရဲ့ ဘဏ်အပ်ပြီး လည့်ပတ်နေတဲ့ ငွေတွေအတွက် စိတ်အေးလက်အေး ရှိမယ်လို့ သမ္မတလောင်း ဘားရက် အိုဘားမားနဲ့ ဂျွန်မက်ကိန်းတို့က ထောက်ခံကြပါတယ်။ သမ္မတလောင်း အထက်လွှတ်တော် နှစ်ယောက် ဒီမိုကရက် ဒုတိယသမ္မတလောင်း အထက်လွတ်တော်အမတ် ဂျိုးဘိုင်ဒန်တို့ဟာ မဲဆွယ်စည်းရုံး ခရီးထွက်ခွာနေရကနေ၊ ဒီနေ့ည ဝါရှင်တန်ဒီစီကို ပြန်လာပြီး အထက်လွှတ်တော်မှာ အစိုးရရဲ့ ငွေကြေးပြဿနာ ကယ်ဆယ်ရေး အစီအစဉ်ကို မဲပေးကြမှာ ဖြစ်ပါတယ်။