ကမ္ဘာနဲ့အဝန်း စီးပွားရေးအကျပ်ဆိုက်နေတဲ့အတွက်
နိုင်ငံတကာမှာရှိတဲ့ ကမ္ဘာ့
ခေါင်းဆောင်တွေ ဝိုင်းဝန်းဖြေရှင်းနေတဲ့ကြားကပဲ
ငွေကြေးဈေးကွက် အခြေအနေတွေ
က စိုးရိမ်စရာ အခြေအနေတွေမှာပဲ ရှိနေဆဲဖြစ်ပါတယ်။
စီးပွားရေးကပ်ဆိုက်မယ့်
အခြေအနေမျိုးကို ဦးတည်သွားနေပြီလားဆိုတဲ့
စိုးရိမ်မှုတွေနဲ့အတူ ဒီကနေ့ဆိုရင်လည်း
အာရှဈေးကွက်က စတော့ခ်ရှယ်ယာဈေးတွေ
နောက်ထပ် ကျဆင်းနေဆဲ ဖြစ်ပါတယ်။
စီးပွားရေးအင်အားကြီးနိုင်ငံတွေ ဖြစ်ကြတဲ့
ဂျပန်နိုင်ငံ၊ သြစတြေးလျ စတဲ့နိုင်ငံတွေက
ရှယ်ယာဈေးတွေလည်း ကျဆင်းခဲ့တဲ့အထိ စီးပွားရေးပြဿနာတွေ
ကြုံနေရတာနဲ့
ပတ်သက်လို့ ဗွီအိုအေသတင်းထောက် ဖီးလ် မာဆာ (Phil Mercer) ရဲ့
သတင်းပေးပို့
ချက်နဲ့အတူ နိုင်ငံတကာက အခြေအနေတွေကို ကိုအောင်လွင်ဦးက စုစည်းတင်ပြ
ပေးထားပါတယ်။
မကြာသေးခင်က စတော့ခ်ရှယ်ယာဈေးကွက်
မှာ ဦးမော့လာခဲ့တာတွေ
ရှိခဲ့ပေမယ့် အခု
နောက်ဆုံးမှာတော့ အာရှဈေးကွက်မှာ
နောက်ထပ် ဈေးတွေထိုးကျခဲ့တာကြောင့်
ဘဏ္ဍာရေးပြဿနာတွေဟာ အဆုံးသတ်
မသွားသေးဘူးဆိုတဲ့ လက္ခဏာလို့ ဆိုရမှာပါ။
အာရှရဲ့ အဓိက
စီးပွားရေးအင်အားကြီးတခု
ဖြစ်တဲ့ ဂျပန်နိုင်ငံမှာဆိုရင်လည်း နစ်ကေး
(Nikkei) အညွှန်းကိန်းတွေဟာ
၂.၅%
ကျဆင်းခဲ့ပါတယ်။ လက်ရှိပြဿနာတွေ
ကြောင့် ဂျပန်နိုင်ငံရဲ့ ပြည်ပပို့ကုန်တွေ
အားနည်းလာမယ့် အခြေအနေတွေက စီးပွားရေး ချွတ်ခြုံကျမယ့်အဖြစ်အထိ
ဆိုက်ရောက်တော့မှာလားဆိုပြီး စိုးရိမ်မှုတွေနဲ့အတူ အစောပိုင်းမှာတုန်းက ၇% နီးပါး
အထိ
လျော့ကျခဲ့တာလည်း ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာလည်း ၂ ရက်ဆက်တိုက်အဖြစ်
ဈေးတွေကျဆင်းခဲ့တာဖြစ်ပြီး
တော့ ASX အညွှန်းကိန်းဟာ ၄% ကျော်အထိ ကျခဲ့ပါတယ်။ သဘာဝအရင်းအမြစ်တွေ
ကို
ထုတ်လုပ်တဲ့လုပ်ငန်းတွေမှာ အကြီးအကျယ် အရှုံးပေါ်ခဲ့တာတွေ ရှိခဲ့တာ၊ ကမ္ဘာနဲ့
အဝန်း
စီးပွားရေးကျဆင်းလာတာတွေကို အခြေခံပြီး အခုလို ရှယ်ယာဈေးတွေ ထိုးကျ
လာခဲ့တာပါ။
ဒီလိုစီးပွားရေးကျဆင်းနေတဲ့ တချိန်တည်းမှာပဲ သြစတြေးလျနိုင်ငံက
ANZ ဘဏ်ဟာလည်း ၁၁
နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမြတ်အစွန်းတွေ
လျော့ကျလာခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့အစုရှယ်ယာ ဈေးကွက်တွေမှာ အခုလို အထိတ်
တလန့်ဖြစ်ပြီး ဈေးတွေ ကမောက်ကမ
ဖြစ်နေတဲ့အပေါ်မှာ ANZ ဘဏ်ရဲ့ အလုပ်အမှု
ဆောင် အကြီးအကဲ မိုက်ခ် စမစ်သ် (Mike Smith)
က စိတ်ပျက်မိတယ်လို့ ဆိုပါတယ်။
"ဒေါင်း ဂျုံးစ် (Dow Jones)
အညွှန်းကိန်းနောက်ကို သြစတြေးလျ စတော့ခ်ဈေးကွက်
က ဘာကြောင့် အရူးအမူး
လိုက်ပါသွားရတာလဲဆိုတာကို ကျနော်တော့ အခုထိ
နားမလည်နိုင် ဖြစ်နေရပါတယ်။ ကျနော်တော့
သဘောကိုမပေါက်ဘူး။ အမေရိကန်က
ကော်ပိုရေးရှင်းကြီးတွေမှာ အမြတ်အစွန်းတွေနဲ့ပတ်သက်တဲ့
မျှော်မှန်းချက်တွေ၊
စီးပွားရေးပုံစံတွေက သြစတြေးလျက ကော်ပိုရေးရှင်းတွေရဲ့ပုံစံ၊
စီးပွားရေးအလား
အလာတွေနဲ့ အများကြီးကွာပါတယ်။ တကယ်တော့ ဒီဈေးကွက်တွေ
တခုနဲ့တခုကြားမှာ
ဆက်စပ်မှုရှိနေဖို့ မကောင်းပါဘူး။"
မနေ့တုန်းကတော့ အမေရိကန်ပြည်ထောင်စုက ဒေါင်းဂျုံးစ် အညွှန်းကိန်းတွေမှာ
၅%
နဲ့ကျဆင်းပြီး ဈေးပိတ်သွားခဲ့တာပါ။ ဒီနောက် အာရှမှာတော့ တောင်ကိုရီးယားနိုင်ငံရဲ့
လျှပ်စစ်ပစ္စည်းထုတ်လုပ်တဲ့ ဆမ်ဆောင်း (Samsung) နဲ့ သံမဏိထုတ်လုပ်တဲ့ ပေါ့စ်ကို
(POSCO)
တို့မှာ အစုရှယ်ယာဈေးတွေ ကျဆင်းသွားခဲ့တဲ့နောက် စတော့ခ်ဈေးတွေ
ဟာလည်း ၇% ကျော်နဲ့
အဆိုးရွားဆုံး ကျဆင်းခဲ့ပါတယ်။ ဟောင်ကောင် ဟန်ဆန်း
(Hang Seng) အညွှန်းကိန်းတွေဟာဆိုရင်လည်း
၃.၆% အထိ ဈေးကျခဲ့ပါသေးတယ်။
ဒီလို လက်ရှိ ဘဏ္ဍာရေးပြဿနာတွေရဲ့ နောက်ဆက်တွဲအဖြစ်
ကမ္ဘာတလွှား တခြား
စီးပွားရေးလုပ်ငန်းတွေကိုပါ ထိခိုက်လာနိုင်မယ့် အလားအလာတွေကို
မြင်နေရတဲ့
အတွက်ကြောင့်လည်း ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်မကင်း ဖြစ်နေကြတာပါ။
မကြာခင်
အာရှတိုက်က စီးပွားရေးလုပ်ငန်းတွေကိုပါ ထိခိုက်လာနိုင်ဖွယ်ရှိနေတယ်လို့
ရင်းနှီး
မြှုပ်နှံသူတွေက ပူပန်နေကြတာကိုတော့ ဟောင်ကောင်အခြေစိုက် မြန်မာနိုင်ငံသား
ဘဏ်အရာရှိတဦးဖြစ်တဲ့ ဦးသူရကို က အခုလိုပြောပြပါတယ်။
"အခု စီးပွားရေးကျတာ အမေရိကားက စဖြစ်နေပြီ။ ဥရောပမှာလည်း
မနေ့က ဝန်ကြီး
ချုပ်က စပြောနေပြီ။ အင်္ဂလန်ကလည်း ပြောနေပြီ။ တဖြည်းဖြည်း အဲဒါတွေက
ဘယ်ကို
ထိခိုက်မလဲဆိုတော့ အာရှက နိုင်ငံသားကုမ္ပဏီထုတ်တဲ့ နိုင်ငံတွေ၊ တရုတ်ပြည်၊
အိန္ဒိယ၊ ဗီယက်နမ် အဲဒါတွေ ထိခိုက်လာလိမ့်မယ်။ တရုတ်ပြည်ထိခိုက်ရင်
သြစတြေးလျပါ
ထိခိုက်လိမ့်မယ်။
"ဘာကြောင့်လဲဆိုတော့ တရုတ်ပြည်ကလိုတဲ့ ရေနံတို့၊
မြေကြီးကထွက်တဲ့ Minerals
တွေက သြစတြေးလျလိုနိုင်ငံတွေက ထွက်တာ။ တဖြည်းဖြည်း
အဲဒါတွေ မထိခိုက်သေး
ဘူး။ အခု ရိုးရိုး သာမန်လူတွေကို အရင်ထိခိုက်မယ်။ ပြီးတော့မှ
Export နိုင်ငံတွေ
ထိခိုက်လိမ့်မယ်၊ တရုတ်ပြည်တို့၊ အိန္ဒိယတို့၊ ဗီယက်နမ်တို့။
အဲဒါပြီးရင် သြစတြေးလျလို
ရေနံတို့ Minerals ထုတ်တဲ့နိုင်ငံတွေ ထိခိုက်ဦးမယ်။"
ဟောင်ကောင်အခြေစိုက် မြန်မာနိုင်ငံသား ဘဏ်အရာရှိတဦးဖြစ်တဲ့
ဦးသူရကို ပြောပြ
သွားတာ ဖြစ်ပါတယ်။
တွေကြား အပူတပြင်း ဝိုင်းဝန်းဖြေရှင်းကြဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ စီးပွား
ပျက်ကပ်ဆိုက်မယ့် အခြေအနေအထိ ဦးတည်သွားလေမလားဆိုပြီး စိုးရိမ်ပူပန်နေကြ
တဲ့နေရာမှာ ဒီကနေ့ဆိုရင်လည်း အီးယူ (ဥရောပသမဂ္ဂ) ဥက္ကဋ္ဌ ဂျိုဆေး ဘာရိုဆို
(Jose Barroso) က ဒီပြဿနာကို တကမ္ဘာလုံး အတိုင်းအတာနဲ့ ဝိုင်းဝန်းပူးပေါင်း
ဖြေရှင်းဖို့ ပြောဆိုလိုက်ပါတယ်။ မနက်ဖြန် တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းပမယ့်
အာရှ-ဥရောပ ဆွေးနွေးပွဲတွေမှာ ဒီကိစ္စကိုပဲ အလေးထား ပြောဆိုသွားမယ်လို့လည်း
ပြောဆိုထားတာပါ။ အမေရိကန်ပြည်ထောင်စုကလည်း လာမယ့် နိုဝင်ဘာလ ၁၅ ရက်
နေ့ကျရင် ဒီစီးပွားရေးပြဿနာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ
၂၀ ကို ဖိတ်ကြားထားတာ ဖြစ်ပါတယ်။