အာရှနဲ့
ဥရောပက စတော့ခ်ရှယ်ယာဈေးကွက်တွေမှာ ဒီနေ့လည်း သိသိသာသာ
ဈေးနှုန်းတွေ ကျဆင်းနေလို့
ကမ္ဘာတဝန်း စီးပွားရေးကျဆင်းမယ့်အရေး စိုးရိမ်ပူပန်မှု
တွေ ရှိနေပါတယ်။
ဥရောပက
အင်္ဂလန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေမှာရှိတဲ့ စတော့ခ်ရှယ်ယာဈေးကွက်
တွေမှာ
ဒီနေ့ညနေပိုင်းမတိုင်ခင် အရောင်းအဝယ်တွေ ၃% ကနေ ၆% လောက်ထိ
ကျဆင်းခဲ့ပါတယ်။
ဟောင်ကောင်က
စတော့ခ်ရှယ်ယာဈေးကွက် ပိတ်တဲ့အချိန်မှာတော့ ၁၃% လောက်
အထိ ဈေးတွေ ထိုးကျခဲ့ပါတယ်။
ဂျပန်နိုင်ငံက တိုကျိုဈေးကွက်မှာ ၆% လောက်
ကျဆင်းခဲ့ပါတယ်။ ဂျပန်ယန်းငွေဟာ
အမေရိကန်ဒေါ်လာထက် တန်ဖိုးမြင့်မားလာခဲ့ပြီး
ဈေးပိတ်တဲ့အချိန်မှာ တဒေါ်လာကို ၉၂.၈
ယန်းအထိ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဂျပန်
နိုင်ငံက နိုင်ငံခြားပို့ကုန်တွေ
ဈေးပိုကြီးမြင့်လာပါတယ်။
လောက်ပဲ ပေါက်နေပါတယ်။ အမေရိကန်က စတော့ခ်ရှယ်ယာဈေးကွက် ဒီနေ့ စဖွင့်တဲ့
အချိန်မှာလည်း ဖွင့်ဖွင့်ချင်း ၁.၅% လောက် ကျနေပါတယ်။