ကမောက်ကမ စီးပွားရေးနဲ့ အသေးစားလုပ်ငန်းရှင်များ

နိုဝင်ဘာ ၁၇၊ ၂၀၀၈ - ငွေကြေးဈေးကွက် ကမောက်ကမဖြစ်တာကြောင့် အထိနာကြ
ရတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေ၊ ငွေကြေးအဖွဲ့အစည်းကြီးတွေ၊ ဘဏ်ကြီးတွေကို
အမေရိကန်အစိုးရက ကယ်တင် ထူမတ်ဖို့ အစီအစဉ်တွေချမှတ်ပြီး အမေရိကန်
လူထုရဲ့အခွန်ငွေတွေထဲက ဒေါ်လာ သန်းပေါင်းများစွာ စိုက်ထုတ် သုံးစွဲနေရပါတယ်။
ဒါပေမယ့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေအဖို့မှာတော့ အခက်အခဲ
မျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။

ရွေးကောက်ခံသမ္မတ ဘရက် အိုဘားမားက စီးပွားရေး ပြန်ပြီး နာလံထူလာဖို့
အစီအစဉ်ဟာ ကုမ္ပဏီကြီးတွေအတွက်တင်မဟုတ်ဘဲ အားလုံးအတွက် အကျိုးရှိဖို့
အရေးကြီးတယ်လို့ ပြောဆိုထားပေမယ့် လက်တွေ့မှာတော့ အကောင်အထည်
ပေါ်မလာသေးပါဘူး။

ဒီအခြေအနေတွေကို ကိုယ်တိုင်ကြုံတွေ့နေရတဲ့ အီလီနွိုင်းပြည်နယ်၊ ချီကာဂိုမြို့မှာ

ဆူရှီလို့ခေါ်တဲ့ နာမည်ကြီး ဂျပန်အစားအစာဆိုင်ခွဲနှစ်ခု ဖွင့်လှစ် လုပ်ကိုင်နေတဲ့
ကိုဝင်းမြင့်နိုင်ကို ဆက်သွယ်မေးမြန်းထားပါတယ်။