အလွန်ရှေးကျကတည်းက ရှိလာတဲ့ အဆုတ်နာ တီဘီ ရောဂါကြောင့် တနှစ်တနှစ်ကို လူပေါင်း ၁.၇ သန်း သေဆုံးကြရပါတယ်။ အားလုံးနီးပါးဟာ ဖွံဖြိုးဆဲ တတိယနိုင်ငံတွေကပါ။ အခုအခါမှာ ဆေးနဲ့ယဉ်ပါးနေပြီဖြစ်တဲ့ တီဘီ ရောဂါပိုး အသစ်တမျိုး ပေါ်လာတာကြောင့်လည်း တီဘီရောဂါနဲ့ အသေအပျောက်နှုန်းတွေ ပိုလို့ တိုးများလာမယ့် အရိပ်အယောင်ရှိနေတယ်လို့ ကျန်းမာရေးကျွမ်းကျင်သူတွေက စိုးရိမ်လာကြပါတယ်။
ဆေးနဲ့အတော်လေးကို ယဉ်ပါးနေတဲ့ XCR-TB လို့ခေါ်တဲ့ တီဘီ မျိုးစိတ်ဟာ အခုဆိုရင် နိုင်ငံပေါင်း ၃၇နိုင်ငံမှာ ပြန့်နှံနေပါပြီ၊ အတွေ့အကြုံနည်းတဲ့ ဆရာဝန်တွေက Antibiotics ပဋိဇီဝဆေးတွေကို အလေးအနက်မထားပဲ ထင်သလို သုံးစွဲတာကြောင့်နဲ့၊ လူနာတွေကလည်း တီဘီ ဆေးကို ဆေးပတ်လည်အောင် မသောက်တာတွေကြောင့် တီဘီပိုးဟာ ဆေးနဲ့ယဉ်ပါး အသွင်းပြောင်းလာပြီး အခုလို မျိုးစိတ်သစ်တွေပါ ပေါ်လာပါတယ်။ တီဘီ မျိုးစိတ်သစ်ကြောင့် တီဘီပိုး စွဲကပ်ခံရသူ အနည်းဆုံး ၅၀ရာခိုင်နှုန်း အသက်ဆုံးရှုံးရလိမ့်မယ်လို့ ဆေးဖက်ဆိုင်ရာ ကျွမ်းကျင်သူတွေက ယူဆထားပါတယ်။ အကြောင်းစုံ အခု အပတ် ကျန်းမာရေးအစီအစဉ်မှာ ကိုသားညွန့်ဦးက တင်ဆက်ထားပါတယ်။