ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲအတွက် အရေးပေါ်အခြေအနေ ရုတ်သိမ်းမည်

ဘင်္ဂလားဒေရှ့် (Bangladesh) နိုင်ငံရဲ့ စစ်တပ် ကျောထောက် နောက်ခံ ပေးထားတဲ့ ဘင်္ဂလားဒေရှ့် အစိုးရက ဒီဇင်ဘာ ၂၉ရက်နေ့မှာ ကျင်းပဖို့ရှိတဲ့ ပါလီမာန် ရွေးကောက်ပွဲအတွက် နိုင်ငံတော် အရေးပေါ် အခြေအနေ ဥပဒေကို ပြန်လည် ရုတ်သိမ်းပေးမယ်လို့ ပြောဆိုလိုက်ပါတယ်။ အစိုးရအဖွဲ့ ဝန်ကြီး ဟူစိန် စီဟူလာက လာမယ့် ဒီဇင်ဘာလ ၁၇ရက်နေ့မှာ နိုင်ငံတော် အရေးပေါ် ကြေညာချက် အားလုံးကို ရုတ်သိမ်းသွားမယ်ဆိုပြီး ပြီးခဲ့တဲ့ သောကြာနေ့က နိုင်ငံရေး ပါတီတွေ စည်းဝေးခွင့်နဲ့ မဲဆွယ် ပွဲတွေ ပြုလုပ်ခွင့် တားမြစ် ထားတာကို ရုတ်သိမ်းလိုက်ပြီး နောက်ပိုင်း ဗုဒ္ဓဟူးနေ့မှာ အခုလို ပြောဆိုလိုက်တာပါ။

ဒီလို ဆောင်ရွက် ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး ဘင်္ဂလားဒေရှ့် နိုင်ငံရဲ့ အဓိက ပါတီကြီး ၂ခု ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ခါလီဒန်ဇီရာ ဦးဆောင်တဲ့ PMP ပါတီနဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ဟာဇီနာ ဦးဆောင်တဲ့ အဝါမီ ပါတီက ကြိုဆိုလိုက်ကြပါတယ်။