မြန်မာနိုင်ငံမှာ
လေဘေးသင့်ဒုက္ခသည်တွေအတွက် နိုင်ငံတကာ အကူအညီ
အထောက်အပံ့တွေ လိုအပ်နေတုန်းပဲ၊
အထူးသဖြင့် အစာရေစာ မလုံလောက်တာ၊
အာဟာရချို့တဲ့တဲ့ အပိုင်းတွေမှာ
လိုအပ်နေသေးတယ်လို့ လေဘေးဒုက္ခသည်တွေကို
လူသားချင်းစာနာထောက်ထားမှု အကူအညီပေးအပ်ရေး
လုပ်ငန်းစဉ်ကို ကုလသမဂ္ဂက
ကျောထောက်နောက်ခံပေးပြီး ပြန်သုံးသပ်ကြည့်တော့
တွေ့ခဲ့ပါတယ်။
နိစ္စဓူဝလုပ်နေတဲ့
ကယ်ဆယ်ရေးလုပ်ငန်းရပ်တွေ၊ ပြန်လည်ထူထောင်ရေး လုပ်ငန်းရပ်
တွေမှာ တိုးတက်မှုရှိပေမယ့်
လိုအပ်ချက်တွေအားလုံးနဲ့ ခြုံပြောမယ်ဆိုရင် လိုအပ်ချက်
တွေ ရှိသေးတယ်လို့
ကုလသမဂ္ဂရဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာကိစ္စများ
စီမံခန့်ခွဲရေး
ဌာနေကိုယ်စားလှယ် ဘိုင်ရှိုး ပါရာဂျူလီ (Bishow Parajuli) က
တနင်္လာနေ့ကပဲ
ပြောကြားသွားပါတယ်။
ဒီသုံးသပ်ချက်ကို
ကုလသမဂ္ဂ ကိုယ်စားလှယ်တွေ၊ အာဆီယံ အရှေ့တောင်အာရှနိုင်ငံ
များအဖွဲ့က ကိုယ်စားလှယ်တွေနဲ့
မြန်မာအစိုးရကိုယ်စားလှယ်တွေ ပူးပေါင်းလုပ်ဆောင်
တာ ဖြစ်ပါတယ်။ Tripartite Core
Group လို့ခေါ်တဲ့အဖွဲ့ကို နာဂစ်ဆိုင်ကလုန်းသင့်
ဒုက္ခသည်တွေအတွက် နိုင်ငံတကာရဲ့
အကူအညီတွေကို စီမံခန့်ခွဲဖို့ ပြီးခဲ့တဲ့မေလမှာ
ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
တကာအသိုင်းအဝိုင်းနဲ့ ယုံကြည်မှုရရှိအောင်လို့ မြန်မာအစိုးရက သန္နိဋ္ဌာန်ချ
လုပ်ဆောင်ပါတယ်လို့ အဲဒီအဖွဲ့ဥက္ကဋ္ဌ မြန်မာနိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးကျော်သူက
ပြောကြားသွားပါတယ်။