ကမ္ဘာ့စီးပွားရေးတက်လာအောင်
ပိုမိုခိုင်မာတဲ့ ဆောင်ရွက်ချက်တွေကို နိုင်ငံတွေက
မလုပ်ဆောင်နိုင်ဘူးဆိုရင်
နေရာတော်တော်များများမှာ မငြိမ်မသက်တာတွေ
ပေါက်ကွဲလာနိုင်တယ်လို့ နိုင်ငံတကာ
ငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်) ရဲ့
အကြီးအကဲက ပြောပါတယ်။
အားနည်းနေတဲ့
စီးပွားရေးကို ခံနိုင်ရည်ရှိအောင်
စီးပွားရေးကောင်းလာအောင် လုပ်မယ့် အစီအစဉ်
တွေကို
တိုးချဲ့ကြဖို့ ဒိုမိနစ် စထရောက်စ်-ခန်း
(Dominique Strauss-Kahn) က
တိုက်တွန်း
လိုက်ပါတယ်။
ခိုင်မာတဲ့လုပ်ဆောင်ချက်တွေသာ
မရှိဘူးဆိုရင်
ကမ္ဘာ့စီးပွားကျကပ်ကို တကမ္ဘာလုံး ရင်ဆိုင်ရဖွယ်
ရှိတယ်လို့
စပိန်နိုင်ငံမှာ ကျင်းပနေတဲ့ ညီလာခံမှာ
တခုမှာ သူက ပြောသွားတာပါ။ အဲဒီလိုဆိုရင်
ကမ္ဘာ့စီးပွားကျကပ်ဟာ လိုတာထက် ပိုကြာနိုင်ပါ
တယ်လို့လည်း သူက ပြောပါတယ်။
ကမ္ဘာတဝန်း
စီးပွားရေး ထိုင်းလာတာကနေ
တရုတ်နိုင်ငံရဲ့ တက်လာနေတဲ့ စီးပွားရေးတောင်မှ
ရှောင်သွားလို့ ရမှာမဟုတ်ဘူးလို့
အိုင်အမ်အက်ဖ်ရဲ့ စီမံခန့်ခွဲမှု ညွှန်ကြားရေးမှူးက
ဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ နောက်နှစ်
စီးပွားရေးတိုးတက်မှုနှုန်းကို ၈%
ခန့်မှန်းထားခဲ့ရာက အခု ၅% ဝန်းကျင်ကို ပြောင်းလဲ
ခန့်မှန်းရပါလိမ့်မယ်လို့လည်း
သူကဆိုပါတယ်။
ပြောပါတယ်။ အဲဒီအစီအစဉ်ဟာ ဥရောပ စုစုပေါင်း ပြည်တွင်းထုတ်ကုန်ရဲ့ ၁.၅% ရှိတဲ့
ငွေပမာဏကို သုံးမှာဖြစ်ပါတယ်။ ဒါပေမယ့် နိုင်ငံတွေအားလုံးပေါင်းလိုက်ရင် ကမ္ဘာ့
စုစုပေါင်း ထုတ်ကုန်တန်ဖိုးရဲ့ ၂% နဲ့ညီမျှမယ့် စီးပွားတက်ကိန်း အစီအစဉ်တွေကို
ဆောင်ရွက်ကြဖို့ အိုင်အမ်အက်ဖ်က အကြံပေးထားပါတယ်။