ဆန့်ကျင်မှုများနဲ့ ထိုင်းအစိုးရသစ်

ထိုင်းနိုင်ငံမှာ ဒီမိုကရက် ပါတီ (Democrat Party)ခေါင်းဆောင်တဲ့ အစိုးရ အသစ်အဖွဲ့တက်လာပြီး ရက်ပိုင်း အကြာမှာပဲ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲများလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒီတခါ ဆန္ဒပြသူတွေကတော့ ပြည်ပမှာ ဝရမ်းပြေးဖြစ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သတ်ဆင် ရှင်နာဝပ် (Thaksin Shinawatra) ကို ထောက်ခံကြတဲ့ United Front of Democracy Against Dictatorship (UDD) အဖွဲ့သားတွေ ဖြစ်ပါတယ်။ ဒီဇင်ဘာလ ၂၉ရက်နေ့က အစိုးရသစ်ရဲ့ မူဝါဒ တွေကို လွှတ်တော်မှာ တင်ပြဖို့ စီစဉ်ခဲ့ပေမယ့် အစိုးရ ဆန့်ကျင်သူတွေရဲ ့ ပိတ်ဆို့ ဆန္ဒပြမှုတွေကြောင့် နောက်တရက် ရွှေ့ဆိုင်းခဲ့ရပါတယ်။ ဒီဇင်ဘာလ ၃၀ရက် မနက်ပိုင်းမှာတော့ အစိုးရအဖွဲ့ဟာ လွှတ်တော်အဆောက်အဦမှာ မူဝါဒတင်ပြရေး မလုပ်တော့ပဲ။ နိုင်ငံခြားရေး ဝန်ကြီးရုံးမှာ ရုတ်တရက် ရွှေ ့ပြောင်း ကျင်းပခဲ့ကြပါတယ်။