ဟားမားစ်နဲ့ အပစ်ရပ် ကမ်းလှမ်းချက်များ အစ္စရေးလ်ပယ်ချ

ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးလ်ဖက်က ဟားမားစ်ကို တိုက်ခိုက်မှုတွေ
အပစ်အခတ်ရပ်စဲဖို့ နိုင်ငံတကာ အဆိုပြု ကမ်းလှမ်းချက်တွေကို အစ္စရေးလ်
လုံခြုံရေးဝန်ကြီးအဖွဲ့က ပြောပါတယ်။

ဒီအချိန်ဟာ အပစ်အခတ် ရပ်စဲရမယ့် အချိန် မတန်သေးဘူးလို့ အစ္စရေးလ်ဝန်ကြီးချုပ်
အေဟွတ် အိုလ်မာတ်ရဲ့ စကားကိုကိုကားပြီး အစ္စရေး တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါပေမယ့်လည်း အစ္စရေးတောင်ပိုင်း လုံခြုံရေးကို ပိုပြီး ကောင်းမွန်စေမယ့် အပစ်အခတ် ရပ်စဲရေးမျိုးဆိုရင်တော့ နောင်တချိန်မှာ စဉ်းစားမယ် လို့လည်း ပြောပါတယ်။

အစောပိုင်းကလည်း ဟားမားစ်အဖွဲ့နဲ့ အလျင်အမြန်ဆိုသလို ၄၈နာရီ အပစ်အခတ် ရပ်စဲရေးယူဖို့ အဆိုပြု ချက်ကို အစ္စရေးလ်ဖက်က ပယ်ချလိုက်ပြီး ဂါဇာကမ်းမြောင်ဒေသ စစ်ရေးတိုက်ခိုက်မှုတွေကို ဆက်လုပ် သွားမယ်လို့ ပြောလိုက်ပါတယ်။

အခုလို အကြမ်းဖက် တိုက်ခိုက်နေမှုတွေကို အဆုံးသတ်ဖို့ နိုင်ငံတကာက တောင်းဆိုနေတဲ့ကြားကပဲ အစ္စရေးလ် စစ်လေယဉ်တွေဟာ ဂါဇာကမ်းမြောင်က ဟားမားစ်အုပ်စုတွေရဲ့ ပစ်မှတ်တွေကို အခု ငါးရက် မြောက်နေ့ ဆက်လက် တိုက်ခိုက်နေပါတယ်။

ဒုံးကျည်တွေဟာ ဟားမားစ်အစိုးရ အဆောက်အဦးတွေနဲ့ အီဂျစ်ကနေ ဂါဇာကို အစာနဲ့ လက်နက်တွေ ခိုးသွင်းတဲ့ လမ်းကြောင်းတွေလည်း ထိမှန်ခဲ့ပါတယ်။ ဟားမားစ်ဘက်ကလည်း အစ္စရေးလ်ဘက်ကို ဒုံးကျည်တွေနဲ့ ဆက်ပြီး ပစ်ခတ်နေဆဲပါ။

အခုလအစောပိုင်းမှာ ခြောက်လကြာ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် သက်တမ်း ကုန်သွားတဲ့နောက် ဂါဇာဖက်က စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်အောင် လက်တုန်ပြန်တဲ့အနေနဲ့ အစ္စရေးလ်ဘက်က ဟားမားစ်အဖွဲ့ ပစ်မှတ်တွေကို အခု စနေနေ့ကစလို့ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စနေနေ့ကတည်း က ဆိုရင်တော့ ပါလက်စတိုင်း ၃၇၀ ကျော် သေဆုံးခဲ့ပါပြီ။ အဲဒီအထဲမှာ အနည်းဆုံး ၆၂ ဦးဟာ အရပ်သားတွေဖြစ်ကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။ အစ္စရေးလ်ဘက်ကတော့ ၄ ဦး သေဆုံးခဲ့ပါတယ်။