၂၀၀၉ ခုနှစ်၊ မြန်မာ့စီးပွားရေးအလားအလာ

ဒီဇင်ဘာ ၂၉၊ ၂၀၀၈ - လာမယ့် ၂၀၀၉-၂၀၁၀ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ဆက်ပြီး
အားနည်းနေမယ်လို့ ကမ္ဘာကျော် Economist မဂ္ဂဇင်းကြီးရဲ့ Economist Intelligence Unit
(EIU) က ခန့်မှန်းထားပါတယ်။ ငွေဖောင်းပွမှုနှုန်းကတော့ ၂၀၀၈ ခုနှစ်ကထက်စာရင်
နည်းနည်းသက်သာသွားမယ်၊ ဒါပေမယ့် ဖောင်းပွမှုနှုန်း ဆယ်ဂဏန်းမှာပဲ ဆက်ရှိနေဦးမယ်
လို့လည်းဆိုပါတယ်။

အစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှု ဆက် ညံ့ဖျင်းနေဦးမှာဖြစ်ပြီး ဘဏ္ဍာငွေကြေးဆိုင်ရာမူဝါဒတွေ
မှာ စစ်အစိုးရခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားတွေ ယှက်နွယ်နေတာကြောင့် ခိုင်မာတဲ့မူဝါဒ
တွေ ချမှတ်ကျင့်သုံးမယ့်အလားအလာ မမြင်ရဘူးလို့ သုံးသပ်ထားပါတယ်။

Economist မဂ္ဂဇင်းရဲ့ ခန့်မှန်းချက်တွေပေါ်မှာ အခြေခံပြီး ၂၀၀၉ ခုနှစ် မြန်မာ့စီးပွားရေး
အလားအလာကို ပြည်တွင်းထုတ် ကမ္ဘာ့စီးပွားရေးဂျာနယ်ရဲ့ အယ်ဒီတာချုပ် စာရေးဆရာ
ဦးခင်မောင်ညို (ဘောဂဗေဒ) နဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။