အမေရိကန် သမ္မတသစ် အိုဘားမား ကျမ်းသစ္စာ ကျိန်ဆိုပွဲ

အမေရိကန် သမ္မတသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကို ၂၀၀၉ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့ မွန်းတည့်ချိန်မှာပဲ ထုံးတမ်းစဉ်လာအတိုင်း ကျင်းပပြီးသွားပါပြီ။ အားလုံးကတော့ အခုချိန်ထိ စိတ်လှုပ်ရှားနေကြတုန်းပါ။ အပြောင်းအလဲကတော့ စတင်နေပါပြီ။ ဗွီအိုအေ သတင်းထောက် ပေါ်လာ ဝေါ့ဆင် ပေးပို့ထားတဲ့ သတင်းကို ကေသွယ်ခိုင်က တင်ပြပေးပါတယ်။