စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်မှု ကြားနာစစ်ဆေး

မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးပြဿနာတွေဟာ ပိုပြီဆိုးဝါးလာတယ်ဆိုတာကို အမေရိကန်ပြည်ထောင်စု ကွန်ဂရတ်လွှတ်တော် (House of Representatives) ရဲ့ လူ့အခွင့်အရေး ကြားနာမှုတခု (Human Rights Forum: Deteriorating Human Rights in Asia) မှာ မြန်မာအတိုက်အခံများ၊ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့အစည်းများ နဲ့ အမေရိကန်အစိုးရ အဖွဲ့အစည်းများက တင်ပြအစီရင်ခံခဲ့ကြပါတယ်။

ဖေဖေါ်ဝါရီလ ၁၂ ရက် (ကြာသပတေးနေ့) ၂၀၀၉ မှာ ကျင်းပပြုလုပ်ခဲ့တယ့် ကွန်ဂရက်ကြားနာပွဲမှာ မြန်မာအတိုက်အခံအဖွဲ့များထဲမှ လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေ၊ စစ်အစိုးရ လူ့အခွင့်အရေး ချိုးဖောက်နေမှုများကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ - အမေရိကန်နိုင်ငံ အဖွဲ့ခွဲ) ဥက္ကဌ ဦးအောင်စောဦး က တင်ပြဆွေးနွေးခဲ့ပါတယ်။ အမေရိကန်ကွန်ဂရက် ဆုတ်ယုတ်ဆိုးဝါးလာတဲ့ အာရှလူ့အခွင့်အရေး ကြားနာပွဲမှာ မြန်မာနိုင်ငံကိုယ်စား တင်ပြဆွေးနွေးခဲ့တဲ့ ဦးအောင်စောဦးရဲ့ ပြောဆိုတင်ပြချက်များကို ပိုမိုသိရှိနိုင်ဖို့ ဗွီအိုအေမြန်မာသတင်း ဌာနမှုး ဦးသန်းလွင်ထွန်း က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။