ဗင်နီဇွဲလား ဖွဲ့စည်းပုံပြင်ရေး လူထုဆန္ဒခံယူပွဲ မဲအနိုင်ရရှိ

ဗင်နီဇွဲလားနိုင်ငံမှာ သမ္မတရာထူး သက်တမ်း
အတွက် ကာလသတ်မှတ်ထားတာကို အဆုံး
သတ်စေမယ့် လူထုဆန္ဒခံယူပွဲမှာ အနိုင်ရခဲ့တဲ့
အတွက် သမ္မတ ဟူးဂို ချာဗစ်ဇ် (Hugo
Chavez) အောင်ပွဲခံနေပါတယ်။

သမ္မတရဲ့ အဆိုပြုချက်ကို ဗင်နီဇွဲလား
နိုင်ငံသား ၅၄% က ထောက်ခံခဲ့ကြတယ်လို့
ဆိုပါတယ်။ ဒီလို ထောက်ခံမဲပေးကြသူတွေ
ဟာ ဆိုရှယ်လစ်ဝါဒကို လိုလားတဲ့အတွက်
အခုလို မဲပေးခဲ့ကြတာလို့လည်း သမ္မတ
ချာဗစ်ဇ်က ပြောပါတယ်။ သူ့အနေနဲ့
ဗင်နီဇွဲလားနိုင်ငံကို ဆိုရှယ်လစ်တိုင်းပြည်
ဖြစ်အောင် အသွင်ပြောင်းပေးဖို့ အချိန်ထပ်လိုတာကြောင့် ဒီလို လူထုဆန္ဒခံယူပွဲတွေ
လုပ်ပြီး အခြေခံဥပဒေကို ပြင်ဆင်ဖို့ဟာ မလုပ်မဖြစ်လုပ်ရတဲ့ ကိစ္စပါလို့လည်း ပြောဆို
ခဲ့တာပါ။

ဝေဖန်သူတွေကတော့ သမ္မတ ချာဗစ်ဇ်ဟာ အာဏာရှင်ဖြစ်လာနေပြီလို့ ဆိုနေကြပါ
တယ်။ အခုပြင်ဆင်ချက်အရဆိုရင် လာမယ့် ၂၀၁၂ ခု ရွေးကောက်ပွဲတွေမှာ သူဟာ
နောက်တကြိမ် သက်တမ်းအတွက် ရွေးချယ်ခွင့်ရဦးမှာ ဖြစ်ပါတယ်။

အခုလို လူထုဆန္ဒခံယူပွဲတွေမှာ အနိုင်ရခဲ့တဲ့အတွက် ဦးဦးဖျားဖျား ချီးကျူးစကား
ပြောကြတဲ့အထဲမှာတော့ သမ္မတ ချာဗစ်ဇ်ရဲ့ ဆရာသမားဖြစ်တဲ့ ကျူးဘားသမ္မတ
ဟောင်း ဖီဒယ်လ် ကတ်စထရို (Fidel Castro) လည်း တဦးအပါအဝင်ပါ။ မစ္စတာ
ကတ်စထရိုကတော့ ဒါဟာ တိုင်းတာလို့မရနိုင်တဲ့ အောင်မြင်မှုအဖြစ် ချီးကျူး
ပြောဆိုခဲ့တာပါ။