ဘတ်ဂျက်လိုငွေပြမှု လျှော့ချဖို့ သမ္မတအိုဘားမား စီစဉ်

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) ဟာ နိုင်ငံရဲ့ ပမာဏ
အများအပြား လိုငွေပြနေတာကို နှစ်အနည်းငယ်အတွင်း လျှော့ချပစ်နိုင်ဖို့ အစီအစဉ်
ရေးဆွဲရန် စီးပွားရေး ကျွမ်းကျင်ပညာရှင်တွေ၊ နိုင်ငံရေးသမားတွေနဲ့ တွေ့ဆုံမှာ
ဖြစ်ပါတယ်။

အမေရိကန်ရဲ့ လိုငွေပြမှုဟာ ဒေါ်လာသန်း တသန်းကျော်ပြီး ဘဏ္ဍာရေးလုပ်ငန်းရပ်
တွေကို ပြန်မြှင့်တင်ပေးဖို့ သမ္မတဘုရှ်နဲ့ သမ္မတအိုဘားမား အစိုးရအဖွဲ့တွေ အထူး
ကြိုးစားခဲ့ကြရပြီး အခုလည်း စီးပွားရေးကို ပြန်အသက်သွင်းဖို့ ဘဏ်တွေကို ငွေချေး၊
အခြေခံအဆောက်အအုံ တည်ဆောက်ရေးတွေမှာလည်း ငွေတွေသုံးစွဲတာတွေကို
လုပ်ကိုင်နေရပါတယ်။

အခုအစိုးရရဲ့ စီးပွားရေးအထောက်အကူ အစီအစဉ်က ငွေကြေးသုံးစွဲရမှာ ပမာဏ
များလွန်းတာမို့ နိုင်ငံဟာ အကြွေးနဲ့နစ်နေပြီး နောက်မျိုးဆက်သစ်တွေကို အခွန်
အကောက်တွေ တိုးမြှင့်ကောက်ပြီး ဝန်ပိစေမယ်လို့ တချို့က ဝေဖန်ကြပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ အိမ်ဖြူတော်ရဲ့အခေါ် ဘဏ္ဍာရေးတာဝန်ယူမှုအတွက်
သမ္မတအိုဘားမားရဲ့ ဒီသီတင်းပတ်ကုန်ပိုင်းမှာ ထုတ်ပြန်မယ့် ၂၀၁၀ ရသုံးမှန်းချေ
ငွေစာရင်းအသေးစိတ်နဲ့အတူ ဆွေးနွေးကြဖို့ သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဥပဒေပြု
အမတ်တွေ၊ စီးပွားရေးပညာရှင်တွေ ဒီနေ့ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။