ဒီမိုကရေစီ နဲ့ နိုင်ငံခြားအကူအညီ

မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာအောင် ဘယ်လိုလုပ်ရင်ကောင်းမယ်ဆိုတာကို ပြန်လည်သုံးသပ်ရမယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် (Hilary Cliton) က အာရှ လေးနိုင်ငံခရီးအတွင်းမှာ ပြောဆိုသွားခဲ့ပါတယ်။ ဖိနှိပ်ချုပ်ချယ်တဲ့ မြန်မာစစ်အစိုးရကို ဒဏ်ခတ်အရေးယူရင် (သို့မဟုတ်) အပြုသဘောနဲ့ဆက်ဆံရင် ပြုပြင်လာလိမ့်မယ်လို့ ယူဆခဲ့ကြတာမှားကြောင်း သိလာကြပါပြီ။ တဖက်မှာ မြောက်ကိုရီးယားနိုင်ငံကို အမေရိကန်နဲ့ နိုင်ငံအချို့ (၁၀) နှစ်ကျော် ကူညီခဲ့ပေမယ့် ပြုပြင်ပြောင်းလဲမှု မရှိခဲ့ပါဘူး။ ဒီလိုမဖြစ်ရအောင် အာဏာရှင်အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ပြမှ အမေရိကန်အစိုးရက ကူညီမှုတွေ ကမ်းလှမ်းမယ့်သဘောကို သမ္မတ ဘာရက် အိုဘားမား (Barack Obama) က ပြောဆိုထားပါတယ်။ အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှုမျိုးကို အာဆီယံအဖွဲ့ကြီး (ASEAN) ကလည်း လိုလားပါတယ်။

အာဆီယံဒေသအတွင်းမှာ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ ဒီမိုကရေစီစနစ် တည်ဆောက်ရေးတွေရှိခဲ့ပေမယ့် စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်လုပ်ကိုင်နိုင်ခြင်းမရှိသေးကြောင်း၊ နိုင်ငံခြားအစိုးရတွေ တိုက်တွန်းလုပ်ကိုင် အကူအညီပေးလို့ ဒီမိုကရေစီစနစ် တည်ဆောက်နိုင်မလားဆိုတာကို ဆောင်းပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာ) နဲ့အတူ သုံးသပ်တင်ပြထားပါတယ်။