ပြည်ပမှာ အလုပ်လက်မဲ့ဖြစ်လို့ မြန်မာပြည်ကို ပြန်လာတဲ့ အလုပ်သမားတွေကို စစ်အာဏာပိုင်တွေက အလုပ်အကိုင်စီစဉ်ပေးမယ်ဆိုပြီး စာရင်းကောက်ယူလုပ်ကိုင်နေပါတယ်။ ဒီလို စစ်အစိုးရလုပ်ကိုင်ပေးမယ့် အစီအစဉ်က အလုပ်သမားများအတွက် တိုင်းပြည်ကိုပြန်လည်ရောက်ရှိချိန်မှာ အစိုးရကကြိုဆိုပြီး အလုပ်အကိုင်ရှာဖွေပေးမယ်ဆိုတာ အားတက်စရာဖြစ်နေပါတယ်။
မြန်မာနိုင်ငံ အလုပ်သမားသွေးစည်းညီညွှတ်ရေးအဖွဲ့ (Burma Labor Solidarity Organization - BLSO) တာဝန်ရှိသူများဖြစ်တဲ့ ဦးမိုးဆွေ နဲ့ ဦးသံဒုတ် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်ပြီး သူတို့ အလုပ်သမားကူညီစောင့်ရှောက်ရေးအဖွဲ့အနေနဲ့ ထိုင်းနိုင်ငံ နဲ့ ပြည်ပနိုင်ငံများမှာ နေထိုင်အလုပ်လုပ်နေတယ့် မြန်မာအလုပ်သမားများကို စစ်အစိုးရ သတင်းထုတ်ပြန်မှုအပေါ် ဘယ်လိုတိုက်တွန်း ပြောဆိုလုပ်ကိုင်နေသလဲ၊ သူတို့အမြင်သုံးသပ်ချက်များကို ဆွေးနွေးတင်ပြထားပါတယ်။