မြန်မာနဲ့အင်ဒိုနီးရှား နှိုင်းယှဉ်ချက်

ဒီအပတ် မျက်မှောက်ရေးရာ သုံးသပ်ချက်မှာ မြန်မာ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့ မတူခြားနား ပြုပြင်ပြောင်းလဲမှုကို တင်ပြထားပါတယ်။ စစ်အစိုးရဝန်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် အင်ဒိုနီးရှားနိုင်ငံကို ပထမအကြိမ် သွားရောက်ခဲ့ပါတယ်။ ဂျာကာတာပို့စ် (Jakarta Post) သတင်းစာမှာ စစ်အစိုးရက အင်ဒိုနီးရှားနိုင်ငံကို မိတ်ဆွေအဖြစ်သတ်မှတ်တာမို့ မြန်မာ့ဒီမိုကရေစီအရေး နဲ့ နိုင်ငံရေးပြဿနာများကို ပြောဆိုသင့်တယ်လို့ ရေးသားထားပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ စစ်အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ကို အောင်မြင်စွာ အသွင်ကူးပြောင်းသွားခဲ့တယ့် နိုင်ငံတနိုင်ငံဖြစ်ပါတယ်။ မြန်မာစစ်အစိုးရ အထူးအလေးပေး လေ့လာနမူနာယူတဲ့ နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ ယနေ့ မြန်မာစစ်အစိုးရခေါင်းဆောင် အင်ဒိုနီးရှားနိုင်ငံကို သွားရောက်လည့်ပတ်ပြီး နှစ်နိုင်ငံအရေးကိစ္စဆွေးနွေးမှုအပေါ် ဆောင်ပါးရှင် ဦးအောင်ခင် က မညိုညိုလွင် (ဗွီအိုအေမြန်မာ) နဲ့ အတူ ခေတ်ဟောင်း အင်ဒိုနီးရှားနိုင်ငံ အခြေအနေ နဲ့ လက်ရှိ မြန်မာပြည် အသွင်တူပုံကို သုံးသပ်တင်ပြထားပါတယ်။