ကမ္ဘာ့စီးပွားရေး ကျဆင်းနေတာကို ဟန့်တာဖို့အတွက် နိုင်ငံ (၂၀) ထိပ်သီးညီလာခံကို လန်ဒန်မှာ ကျင်းပခဲ့ပါတယ်။ ဒီညီလာခံကြောင့် မျှော်လင့်ချက်တွေ စိတ်အားတက်ကြွစရာတွေ ရှိလာကြောင်း ဆောင်းပါးရှင် ဦးအောင်ခင် နဲ့ မညိုညိုလွင်တို့က သုံးသပ်တင်ပြထားပါတယ်။
G-20 (ခေါ်)
နိုင်ငံ (၂၀) အုပ်စုရဲ့ လန်ဒန်ထိပ်သီညီလာခံကြီး လွန်ခဲ့တဲ့ ကြာသပတေးနေ့က
ပြီးဆုံးသွားပါပြီ။ ကမ္ဘာ့စီးပွားရေး ကျဆင်းတာကို ဟန့်တားဖို့
ဒေါ်လာသန်းပေါင်း တသန်းကျော် ရင်းနှီးဖို့ ညီလာခံမှာ ဂတိပြုကြပါတယ်။
ဘဏ်လုပ်ငန်း ပြုပြင်ရေးနဲ့ နောင်ဒီလို မဖြစ်အောင်လုပ်ဖို့ သဘောတူကြပါတယ်။
တကယ်တော့ ထိပ်တန်းအရာထမ်းတွေ သုံးလလောက် စေ့စပ်ဆွေးနွေးခဲ့တဲ့ကိစ္စကို
တရက်ညီလာခံမှာ သဘောတူကြပါတယ်။ ဒေါ်လာသန်းပေါင်း တသန်းကျော်ထဲမှာ
အများဆုံးကို IMF အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့က ရရှိမှာ
ဖြစ်ပါတယ်။ တိုးတက်ဖွံ့ဖြိုးစ နိုင်ငံတွေကို ကူညီထောက်ပံ့ဖို့
ဒေါ်လာသန်းပေါင်းတသိန်း သတ်မှတ်တာဟာ မျှော်လင့်တာထက်များတယ်လို့
မြင်ကြပါတယ်။ အာရှဖွံ့ဖြိုးရေးဘဏ်လို အဖွဲ့အစည်းတွေက တဆင့်ကူညီထောက်ပံ့မှာ
ဖြစ်ပါတယ်။