အမေရိကန်ပြည်ထောင်စုနဲ့ တူရကီနိုင်ငံရဲ့ ဆက်ဆံရေးဟာ မွတ်ဆလင်နိုင်ငံတွေနဲ့
အနောက်နိုင်ငံတွေအကြား ဆက်သွယ်ပေးမယ့် ပေါင်းကူးတံတားအဖြစ် စံပြမိတ်ဖက်
တွေအဖြစ်နဲ့ ပုံဖော်ပေးလိုက်တာပါပဲလို့ သမ္မတအိုဘားမား (Barack Obama) က
တင်စားလိုက်ပါတယ်။
သမ္မတအဖြစ် တာဝန်ယူပြီးနောက် ပထမဆုံး ဥရောပခရီးစဉ်ရဲ့ နောက်ဆုံးခရီးစဉ်
အနေနဲ့ သမ္မတအိုဘားမား တူရကီနိုင်ငံ အန်ကာရာမြို့ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး၊ အီရန်နဲ့ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေး စတဲ့
နယ်ပယ်အသီးသီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်လို့ သမ္မတ
အိုဘားမားနဲ့အတူ အိမ်ရှင်သမ္မတ အဗ္ဗဒူလာ ဂူးလ် (Abdullah Gul) တို့က ပြောဆို
လိုက်ပါတယ်။
သမ္မတ အိုဘားမားက တူရကီလွှတ်တော်မှာ
မိန့်ခွန်းပြောဆိုရာမှာလည်း မွတ်ဆလင်နိုင်ငံ
ဖြစ်တဲ့ တူရကီနိုင်ငံဟာ အရှေ့နဲ့အနောက်
နိုင်ငံတွေကို ပိုင်းခြားထားတဲ့ နေရာမဟုတ်ဘဲ
အရှေ့နဲ့အနောက် ဆုံစည်းရာနိုင်ငံဖြစ်တယ်
လို့ ပြောဆိုလိုက်ပါတယ်။
စီးပွားရေးအကျပ်အတည်း၊ အစွန်းရောက်ဝါဒ၊
လက်နက်ဖျက်သိမ်းရေး စတဲ့ပြဿနာတွေကို
နှစ်နိုင်ငံစလုံး ရင်ဆိုင်နေရကြောင်း၊ ဒီပြဿ
နာတွေကို တနိုင်ငံတည်းအနေနဲ့ ထိပ်တိုက်
ဖြေရှင်းလို့ မရနိုင်ပါဘူးလို့လည်း ပြောဆို
လိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ အစ္စလမ်ဘာသာနဲ့ စစ်မက်ဖြစ်ပွားနေတာ မဟုတ်ဘူး
လို့လည်း သမ္မတ အိုဘားမားက အတိအလင်း ကြေညာလိုက်ပါတယ်။
တူရကီနိုင်ငံ အီးယူ ဥရောပသမဂ္ဂအဖွဲ့ဝင် ဖြစ်ရေးအတွက် ထောက်ခံတဲ့အကြောင်းကို
လည်း သမ္မတ အိုဘားမားက အလေးအနက် ပြောဆိုလိုက်ပါတယ်။