ကျူးဘားကိုဒဏ်ခတ်မှု ရုပ်သိမ်းရန် အမေရိကနိုင်ငံများ တောင်းဆို

အမေရိကနိုင်ငံများအဖွဲ့ (OAS – Organization of America States) ရဲ့ (၅)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ တက်ရောက်နေတဲ့ တောင်အမေရိကတိုက် နိုင်ငံတချို့က ခေါင်းဆောင်တွေက ကျူးဘားနိုင်ငံကို နှစ်ရှည်လများ စီးပွားရေး အရ ပိတ်ဆို့အရေးယူထားတဲ့ အမေရိကန်နိုင်ငံရဲ့မူကို ရုပ်သိမ်းပေးဖို့ သမ္မတအိုးဘားမားကို တိုက်တွန်းခဲ့ကြပါတယ်။ သမ္မတ အိုဘားမားက အူးနားစော (UNASUR - Union of South American Nations) လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံပေါင်း ၁၂ နိုင်ငံ ပါဝင်တဲ့ တောင်အမေရိကတိုက် နိုင်ငံများသမဂ္ဂအဖွဲ့က ခေါင်းဆောင်တွေနဲ့ တွေ့ဆုံစဉ် အခုလိုတိုက်တွန်းခြင်း ခံခဲ့ရတာ ဖြစ်ပါ တယ်။

သမ္မတအိုးဘားမားက အမေရိကန်ရော ကျူးဘားနိုင်ငံပါ အပြောင်းအလဲလုပ်ဖို့ လမ်းကြောင်းတစ်ခုပေါ်မှာ ရှိနေကြတာ ဖြစ်တယ်လို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။ အိမ်ဖြူတော်ပြောခွင့်ရသူ ရောဘတ် ဂစ် (Robert Gibbs) ကလည်း ကျူးဘားနိုင်ငံ အနေနဲ့ အမေရိကန်နိုင်ငံနဲ့ ပိုမိုကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် သူတို့ဘာတွေကို လိုလိုလားလား အရေးယူ ဆောင်ရွက်မလဲဆိုတာကို စောင့်ကြည့်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။

ကျူးဘားနိုင်ငံဟာ အခုကျင်းပနေတဲ့ OAS ထိပ်သီးအစည်းအဝေးပွဲကို မတက်ရောက်ရဘူးလို့ ပိတ်ပင်ခြင်းခံထားရတာလည်း ဖြစ်ပါတယ်။