အင်တာနက် မဂ္ဂဇင်း ဖန်တီးမှု

အခုတပါတ်အနုပညာမိုးကောင်းကင်အစီအစဉ်မှာတော့ အင်တာနက်မဂ္ဂဇင်းဖန်တီးမှုအကြောင်းတင်ဆက်သွားမှာပါ။ အွန်လိုင်းမဂ္ဂဇင်းလို့ခေါ်တဲ့ အင်တာနက်မဂ္ဂဇင်းဆိုတာ မြန်မာပြည်တွင်းမှာ မရှိသေးဘူးဆိုပေမယ့်လည်း ပြည်ပ ရောက် မြန်မာလူငယ်တွေအတွင်း အင်တာနက်မဂ္ဂဇင်းတွေဖန်တီးလာတာ အခုဆို ၄ခုလောက်ရှိလာနေပါပြီ။ အာရှ ရောက်မြန်မာ တွေရော၊ ဥရောပရောက်မြန်မာတွေရော ဖန်တီးနေကြတာပါ။ အခုတပါတ်မှာတော့ ပြီးခဲ့တဲ့ နှစ်ဆန်းတရက် နေ့ကမှ အသစ်စထုတ်တဲ့ လန်ဒန်မြို့က ကောင်းကင်ဆိုတဲ့ အင်တာနက်မဂ္ဂဇင်းအကြောင်းသိရအောင် ကောင်းကင်မဂ္ဂဇင်းကို အဓိကဖန်တီးသူတွေထဲမှာ တယောက်အပါအဝင်ဖြစ်တဲ့ စာရေးဆရာ ဘိုဘိုလန်းစင်ကို ကိုကျော်အောင်လွင်က ဆက် သွယ်မေးမြန်းထားပါတယ်။