ရွှေဂုံတိုင်ကြေညာစာတမ်း ဦးဝင်းတင် ရှင်းလင်းသုံးသပ်

ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (အန်အယ်ဒီ) ဌာနချုပ်ရုံးမှာ ပါတီ ထိပ်တန်းခေါင်းဆောင်များ၊ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီး ဧပြီလ ၂၉ ရက်နေ့မှာ ရွှေဂုံတိုင် ကြေညာစာတမ်း ထုတ်ပြန်ခဲ့ပါတယ်။ ရွှေဂုံတိုင်ကြေညာစာတမ်းမှာ စစ်အစိုးရအနေနဲ့ အဓိက တောင်းဆိုချက် သုံးချက်ဖြစ်တဲ့ (၁) နိုင်ငံရေး အကျဉ်းသား လွှတ်ပေးရန် (၂) ၂ဝဝ၈ ခုနှစ် အခြေခံ ဥပဒေကို ပြင်ဆင်ရန်, နဲ့ (၃) ရွေးကောက်ပွဲတွင် အလွှာ အသီးသီး ပါဝင်ပြီး နိုင်ငံတကာက စောင့်ကြည့်ခွင့်ပြုရန် တို့ကို တောင်းဆိုထားပါတယ်။ တောင်းဆိုချက်များကို စစ်အစိုးရက လိုက်လျောသဘောတူမယ်ဆိုရင် မကြာခင် ကျင်းပပြုလုပ်မယ့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ဖို့ စဉ်းစားမယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်း ထုတ်ပြန်ချက် နဲ့ အကယ်၍ စစ်အစိုးရက တောင်းဆိုချက်များကို လိုက်လျောခြင်းမရှိပါက အန်အယ်ဒီ က ဘာတွေပြင်ဆင်ထားသလဲ၊ ပါတီအနာဂတ်ရပ်တည်ချက်၊ ပါတီ စည်းလုံးညီညွတ်ရေး၊ ပြည်သူလူထုနဲ့ ဆက်ဆံစည်းရုံးရေး၊ ပါတီလူငယ်အင်အားစု နဲ့ လူကြီးပိုင်း ဆက်ဆံရေး နဲ့ ပါတီ လက်ရှိအခြေအနေ လုပ်ဆောင်နေမှုများကို သိရှိနိုင်ဖို့ ဦးသန်းလွင်ထွန်း (ဗွီအိုအေ မြန်မာသတင်းဌာနမှုး) က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်ကော်မတီ ဦးဝင်းတင် ကို ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။