Influenza A - H1N1 ဗိုင်းရပ် ဘယ်လိုကူးစက်နိုင်သလဲ

မေလ ၆၊ ၂၀၀၉။ လူတွေလိုပဲ ဝက်တွေမှာလည်း တုပ်ကွေးရောဂါ ဖြစ်လေ့ရှိပါတယ်။ ဝက်ကနေတဆင့် လူကို ကူးစက်ဖူးတာလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ဝက်ကတဆင့် လူကို ကူးစက်ပြီး လူလူချင်း ကူးစက်မှု အခုလို မြန်မြန်ဆန်ဆန်နဲ့ ပြင်းပြင်းထန်ထန် ဖြစ်တာမျိုး မရှိခဲ့ဖူးပါဘူး။

H1N1 အမျိုးအစား တုပ်ကွေးဗိုင်းရပ်ဟာ အရင်ကတည်းက ရှိခဲ့တာပါ။ ဒါပေမဲ့ အခု ကမ္ဘာမှာ ပျံ့နှံ့ဖြစ်ပေါ်နေတဲ့ ဝက်တုပ်ကွေးဗိုင်းရပ်ကတော့ H1N1 မျိုးရင်းထဲက မျိုးစိတ်သစ် ဖြစ်ပါတယ်။ ဒီ ဝက်တုပ်ကွေးဗိုင်းရပ်ပိုးနဲ့ ပတ်သက်လို့တော့ ဇီဝဓါတု ပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူ မနှင်းပွင့်ဖြူကို ဆက်သွယ်ပြီး အခုအပတ် ကျန်းမာရေး အစီအစဉ်မှာ တင်ဆက်ထားပါတယ်။